ဦးပိန်တံတားပေါ် ရေရောက် နေပြီ

  • 1 ဩဂုတ် 2016
_u_bein_bridge_flood_
Image caption ဦးပိန်တံတားပေါ်က အခန်းတွေ မှာ ရေဝင် နေပြီ။

မန္တလေး နားက တောင်သမန်အင်း မှာ ရေဆက်လက် မြင့်တက် နေလို့ နာမည်ကြီး ဦးပိန်တံတားပေါ်က အခန်းတွေ မှာ ရေဝင် နေပြီလို့ အစိုးရက သတင်း ထုတ်ပြန် ထားပါတယ်။

တံတား အခြေအနေကို တာဝန်ရှိသူတွေ အချိန်ပြည့် စောင့်ကြည့် နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်း က နေရာတချို့မှာ ရေကြီး ရေလျှံမှုတွေ ဆက်လက် ဖြစ်နေပါတယ်။

မကွေး မြို့နယ် ထဲမှာလည်း ဧရာဝတီ မြစ်ရေကြီး နေတဲ့ အတွက် မြစ်ဘေးနားက ကျေးရွာ တွေနဲ့ မြို့ပေါ်က ရပ်ကွက် တချို့က လူဦးရေ နှစ်ထောင် ကျော်နဲ့ အိမ်မွေးတိရိစ္ဆာန် တွေ ဘေးလွတ်ရာ ရွှေ့ပြောင်း နေနေရတယ် ဆိုပြီး ပြည်တွင်းက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ