ဖုန်းဆင်းကတ် မှတ်ပုံတင်ရေး ဝန်ကြီးဌာန တိုက်တွန်း

  • 2 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption သုံးစွဲ သူတွေ က မှတ်ပုံတင် မလုပ်ရသေးဘူး ဆိုရင်လည်း မှတ်ပုံ တင်ရေး လုပ်ဆောင် ကြဖို့

Mobile phone SIM card အသုံးပြုသူများ အနေနဲ့ စနစ်တကျ မှတ်ပုံတင် ဖို့ လုပ်ဆောင်ရမယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာန ရဲ့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန် ထားပါတယ်။

မှတ်ပုံတင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ဟာ အရင်တည်းက ထုတ်ပြန်ထားခဲ့တာ ဖြစ်တယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ဆွေက ပြောပါတယ်။

ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် တွေချထား ပေးတုန်း ကလည်း ကုမ္ပဏီတွေ ဘက်က သုံးစွဲ သူတွေကို မှတ်ပုံတင်ရမယ်ဆိုတာလည်း ကုမ္ပဏီ တွေဘက်က သိတယ်လို့ ဆိုပါတယ်။

အခုလို သတင်းစာထဲကနေ ထုတ်ပြန် ကြေညာ ရတာကလည်း ကုမ္ပဏီတွေဘက် က လိုက်နာ ဆောင်ရွက် ဖို့ နဲ့ သုံးစွဲ သူတွေ က မှတ်ပုံတင် မလုပ်ရသေးဘူး ဆိုရင်လည်း မှတ်ပုံ တင်ရေး လုပ်ဆောင် ကြဖို့ ဖြစ်ပါတယ်။

ဆင်းကတ် မှတ်ပုံတင် လုပ်ထား ခြင်း အားဖြင့်လည်း အများပြည်သူ လုံခြုံရေး ကိစ္စတွေ ဆောင်ရွက်ရာမှာ လျင်မြန် လွယ်ကူမှာပါ။

သန်း၃၀ လောက် ရှိတဲ့ မိုဘိုင်းဖုန်း သုံးစွဲသူတွေကို မှတ်ပုံ တင်ဖို့ အတွက်က ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီတွေက ပူးပေါင်း ဆောင်ရွက်မှု ရရှိမှာသာ ဖြစ်နိုင်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ