ဖားကန့်နား တိုက်ပွဲဖြစ်ပြီး လူတွေပိတ်မိ

  • 5 ဩဂုတ် 2016
kachin
Image caption မိုင်ဂျာယန်မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတဲ့အချိန် ကချင်ပြည်နယ် ဖားကန့်တဝိုက်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲတွင်းမှာ ပိတ်မိသူတွေလည်း ရှိနေပါတယ်။ သေနတ်သံ ကာလ အတန်ကြာ တိတ်ဆိတ်ခဲ့တဲ့ ဖားကန့်တဝိုက်မှာ ခုရက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

ဖားကန့်မြို့နယ် ရှဒူးစွတ်ရွာနား ချောင်းဆုံ ရွှေမှော်ဘက်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ တို့ တိုက်ပွဲဖြစ်တာ ၂ရက်လောက်ရှိနေပြီမို့ ဒေသခံတွေ စိုးရိမ် ထိတ်လန့်နေကြပါတယ်။

တိုက်ပွဲထဲ ရွှေလုပ်သားတချို့ ပိတ်မိနေကြလို့ စနေနေ့မှာ သူတို့ကို သွားခေါ်ဖို့ ရွာခံတွေက ကြိုးစားနေပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မဟာ ၂ နယ်မြေဘက်မှာ အစိုးရတပ်ဘက်က ထိုးစစ်ဆင်တယ်လို့ သတင်းရကြောင်း ကေအိုင်အို ပြန်ကြားရေး အဖွဲ့ဝင် ဗိုလ်မှူးကြီးနော်ဘူက ဖြေကြားပါတယ်။

ကေအိုင်အေနဲ့ အစိုးရတပ် နောက်ဆုံးတိုက်ပွဲ ဖြစ်တာဟာ ဧပြီလကဖြစ်ပြီး မေလပိုင်းက ဖားကန့်မြို့ပေါ်နဲ့ ဆိပ်မူဒေသမှာ ပေါက်ကွဲမှုတွေ ဖြစ်တာကလွဲလို့ တိုက်ပွဲ မရှိသလောက် ငြိမ်သက်ခဲ့ပါတယ်။

တိုက်ပွဲမဖြစ်ဘဲ အတန်ကြာငြိမ်နေရာက အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး ဖားကန့်ဒေသဘက် မှာလည်း အစိုးရတပ်နဲ့ ကေအိုင်အေ နှစ်ဘက်တပ်တွေကြား စစ်ရေး လှုပ်ရှားမှုတွေ ရှိနေလို့ ဒေသခံတွေက စိုးရိမ်နေကြကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ