ပိုင်နက်ပင်လယ်နဲ့ ပင်လယ်ဇုန်များ ဥပဒေကြမ်းတင်

  • 5 ဩဂုတ် 2016
burma map
Image caption မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကြား ပင်လယ် နယ် နိမိတ် သတ်မှတ်ရေး နဲ့ ပတ်သက်

မြန်မာ နိုင်ငံ ပိုင်နက်ပင်လယ်နဲ့ ပင်လယ်ဇုန်များ ဆိုတဲ့ ဥပဒေကြမ်း တရပ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက အမျိုးသား လွှတ်တော် ထံ တင်သွင်း ထားပါတယ်။

မြန်မာ နိုင်ငံ ပိုင်နက်ပင်လယ်နဲ့ ပင်လယ်ဇုန်များ ဥပဒေဟာ ၁၉၇၇ ခုနှစ် ကတည်းက ပြဋ္ဌာန်း ထားခဲ့ပြီး ဖြစ် ပါတယ်။

အဲဒီ့ ဥပဒေ အရ ပိုင်နယ် ပင်လယ်ပြင် အတိုင်းအတာ အပါအဝင် တဆက်တစပ်တည်း ရှိနေတဲ့ ကမ်းလွန် ရေတိမ် ပိုင်း နဲ့ သီးသန့် စီးပွားရေး ဇုန်တွေကို သတ်မှတ် ထား ခဲ့ ပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ မြန်မာ နိုင်ငံ အနေနဲ့ နိုင်ငံတကာ ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ နဲ့ ပတ်သက်ပြီး ၁၉၈၂ ဂျီနီဗာ ပဋိညာဉ် စာချုပ် ထဲ ပါဝင် တဲ့ အဖွဲ့ ဝင် နိုင်ငံ ဖြစ်လာ ခဲ့ ပါတယ်။

ဒီလို ၁၉၈၂ ဂျီနီဗာ စာချုပ် ရဲ့ ပဋိညာဉ် ခံ နိုင်ငံ ဖြစ်လာတဲ့ အတွက် လိုက်လျောညီထွေ ကိုက်ညီမယ့် ပင်လယ်ပြင် ဥပဒေ အသစ်တခု ရှိဖို့လည်း လိုအပ် လာတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာန က ပြောပါတယ်။

ဒါ့အပြင် မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား ပင်လယ် နယ် နိမိတ် သတ်မှတ်ရေး နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ခုံရုံး က ၂၀၁၂ ခုနှစ် က ဆုံးဖြတ်ချက် ချထားပါတယ်။

စိန့်မာတင် ကျွန်းကို ဘင်္ဂလားဒေ့ရှ် ပိုင် အဖြစ် ဆုံးဖြတ်ခဲ့တဲ့ အချက် အပါအဝင် နိုင်ငံတကာ ခုံရုံး စီရင်ချက် ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ပိုင်နက်ပင်လယ်နဲ့ ပင်လယ်ဇုန်များ ဥပဒေ အသစ် လိုအပ် နေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာန ၊ ကောင်စစ်ရေးနဲ့ ဥပဒေ ရေးရာ ဌာန ရဲ့ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။

မြန်မာ့ ကမ်းလွန် ရေတိမ်ပိုင်းကို လက်ရှိ ဥပဒေ အရ သတ်မှတ် ထားတဲ့ ရေမိုင် ၂ဝဝ ထက် ကျော်လွန်ပြီး သတ်မှတ် နိုင်ဖို့ ပြည့်စုံတဲ့ ဥပဒေ တရပ် လိုအပ် နေတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဌာန က တင်သွင်း လိုက်တဲ့ ပိုင်နက်ပင်လယ်နဲ့ ပင်လယ်ဇုန်များ ဥပဒေ ကြမ်းကို အမျိုးသား လွှတ်တော် မှာ ဆွေးနွေး သွားကြ မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ