ဒေါ်အောင်ဆန်းစုကြည် တရုတ် ခရီးစဉ် ဒီလထဲ ရှိနေ

  • 7 ဩဂုတ် 2016
dassk_china
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် နိုင်ငံခြားရေး ဝမ်ရိတို့ လာအိုမှာ တွေ့ဆုံစဉ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ် နိုင်ငံ ခရီးစဉ် အခု ဩဂုတ်လ တတိယပတ် ထဲ ရှိနေပါတယ်။

ဩဂုတ်လ ၁၇ ရက် နေ့က နေ ၂၀ ရက် ထိ ၄ ရက်ကြာ ခရီး သွားဖို့ မြန်မာ ဘက်က ရည်ရွယ် ထားပြီး တရုတ် နိုင်ငံနဲ့ကြား အပြီးသတ် ရက် အတည်ပြု နိုင်အောင် လုပ်ဆောင် နေတယ် လို့ နိုင်ငံခြားရေး ဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးအောင်လင်းက ဘီဘီစီ ကို ပြောပါတယ်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင်းပင်နဲ့ ဝန်ကြီးချုပ် လီကာချန်း အပါအဝင် ထိပ်တန်း ခေါင်းဆောင် တွေ အားလုံးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ သွားဖို့ ရည်ရွယ် ထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာ နိုင်ငံထဲ တရုတ်ရဲ့ စီးပွားရေး အရ ရင်းနှီးမြှုပ်နှံ မှုတွေ ဖြစ်တဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်း နဲ့ ရခိုင်ပြည်နယ် ထဲက ကျောက်ဖြူ အထူး စီးပွားရေး ဇုံ စီမံကိန်း တွေ အကြောင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီစဉ် အတွင်း တရုတ် ခေါင်းဆောင် တွေ နဲ့ ဆွေးနွေး သွားဖို့ ရှိတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားမှုနဲ့ အမေရိကန်ကို သွားရောက်ဖို့လည်း ရှိနေပြီး၊ အမေရိကန် ခရီးစဉ် မတိုင်ခင် အခုလို တရုတ် ပြည် ကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ဥက္ကဌ အနေ ပြီးခဲ့တဲ့ နှစ်ကပဲ တရုတ်ပြည် ကို သွားရောက် ခဲ့တာမှာ တရုတ် သမ္မတ အပါအဝင် ထိပ်တန်း ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အခုအချိန်မှာတော့ တိုင်းပြည်ကို လက်တွေ့ ဦးဆောင်မှု ပေးနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး ရယူပြီး နောက်ပိုင်း တရုတ် နိုင်ငံကို သွားရောက် မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ