တရုတ်ပိုးလမ်းမကြီးမှာ မြန်မာနိုင်ငံဟာ အချက်အခြာကျ

  • 8 ဩဂုတ် 2016
ဒေါ်အောင်ဆန်းစုကြည်နဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ သြဂုတ်လ ၁၇ရက်ကနေ ၂၀ရက်နေ့အထိ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ မြစ်ဆုံကိစ္စ စတဲ့ အကြောင်းတွေကိုလည်း တရုတ် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်တို့ ချမှတ်ထားတဲ့ သေနင်္ဂဗျူဟာအရ ကုန်းလမ်း ရေလမ်းကနေ ပိုးလမ်းမကြီးကို ပြန်တည်ဆောက်တဲ့အခါ မြန်မာပြည်ကို ဖြတ်ဖေါက်ရမှာဖြစ်လို့ မြန်မာပြည်တည် ငြိမ် အေးချမ်းဖို့ အရေးကြီးတယ်လို့ မြန်မာ့ အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ဘီဘီစီကိုပြောပါတယ်။

တရုတ်မြန်မာ နယ်စပ်မှာ ကိုးကန့်အရေး အခင်းဖြစ်ပြီး ကတည်းက မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ရမှဖြစ်မယ် မရရင် မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံ ဖြစ်သွားနိုင်ပြီး သူ့တနိုင်ငံတခုထဲ မဟုတ်ဘဲ တခြားနိုင်ငံတွေကိုပါ ဆွဲချသွားနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေကြားမှာ တင်းမာမှု လျော့ပါးအောင်၂ဖက်စလုံးကို တရုတ်က ကြားဝင်ဆောင်ရွက် ပေးနေတယ်လို့ ယူဆရကြောင်း ဒေါ်လှကျော်ဇောက ပြောပါတယ်။

အခုအခါ ၂နိုင်ငံ အပြန်အလှန် အကျိုးရှိတာကို ယေဘူယျ ဆွေးနွေးနေရတဲ့အတွက် မြစ်ဆုံ ကိစ္စလို စီမံကိန်းတခုချင်း အချိန်ယူ ဆွေးနွေးမယ်လို့ တရုတ်တို့က ပြောပါတယ်။ မြစ်ဆုံ ကိစ္စမှာလည်း အစိုးရ တဘက်ထဲကို ဆက်ဆံ တာမျိုး မဟုတ်ဘဲ အစိုးရရော ပြည်သူပါ ဘက်စုံ ဆက်ဆံဖို့လိုတဲ့အတွက် သံခင်း တမန်ခင်းကို မှားနေတာကို ပြန်ပြင်ဖို့လိုမယ်လို့ တရုတ်တို့ကပြော ကြောင်း ဒေါ်လှကျော်ဇောက ရှင်းပြသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ