ပြည်တွင်း ငြိမ်းချမ်းရေး အလားအလာ မြန်မာ စစ်ဘက် အရပ်ဘက် ခေါင်းဆောင်နှစ်ဦး ဆွေးနွေး

  • 8 ဩဂုတ် 2016
_dassk_general_mal_meeting_
Image caption ၂၁ ရာစု ပင်လုံ ညီလာခံ လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး ညီလာခံကို ဩဂုတ်လ ၃၁ ရက် မှာ စတင် ကျင်းပတော့မယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့ ဩဂုတ်လ ၈ ရက် တနင်္လာနေ့ က တွေ့ဆုံပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေး ခဲ့ကြတယ် လို့ နှစ်ဘက်စလုံးက သတင်း ထုတ်ပြန် ပါတယ်။

နေပြည်တော် သမ္မတရုံး မှာ နှစ်နာရီ ခွဲ ကြာ ဆွေးနွေး ကြတဲ့ အထဲ ကချင်ပြည်နယ် နဲ့ ရှမ်းပြည် မြောက်ပိုင်း ဒေသတွေ မှာ ဖြစ်ပေါ် နေတဲ့ တိုက်ပွဲတွေ ရပ်စဲ ရေး လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံ လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး ညီလာခံကို အခုလ အကုန် ဩဂုတ်လ ၃၁ ရက် မှာ စတင် ကျင်းပတော့မယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် က အစောပိုင်းတုန်းက ပြောဆို ထားပါတယ်။

ကချင်ပြည်နယ် နဲ့ ရှမ်းပြည် မြောက်ပိုင်း ဒေသတွေ မှာတော့ အခုလ ဆန်းပိုင်း အထိ အစိုးရ စစ်တပ်နဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ကြား တိုက်ပွဲ တွေ ဖြစ်ပေါ် ခဲ့ ပါတယ်။

ဒါပေမယ့်၊ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ အစိုးရ စစ်တပ် ဘက်က ပါဝင်ခွင့် မပြု ခဲ့တဲ့ ကိုးကန့်တပ် MNDAA၊ တအောင်းပလောင်တပ် TNLA နဲ့ ရခိုင်တပ် AA တို့ကို အခုအခါမှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထဲ ပါဝင်ဖို့ အစိုးရ စစ်တပ် အနေနဲ့ မပိတ်ပင် တော့ မယ့် သဘောထား မျိုးတွေလည်း အခု ရက်ပိုင်း တွေ အတွင်း မှာပဲ ပြသ လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ