ဧရာဝတီတိုင်း ရေကြီးမှု အရေးပေါ် ကူညီဖို့ လိုအပ်နေ

  • 8 ဩဂုတ် 2016
flood_myanmar_
Image caption ဧရာဝတီ တိုင်းထဲ ရေဘေး ဒုက္ခသည် အရေ အတွက် ၃ သောင်း ကျော် ရှိနေ။

ဧရာဝတီ တိုင်းထဲ ဆက်လက် ရေကြီး နေတဲ့ ဟင်္သာတ၊ မအူပင်နဲ့ ရေကြည် မြို့နယ် ထဲက နေရာ တချို့ ကို အရေးတကြီး အခြေအနေ အဖြစ် သတ်မှတ် ထားရတယ်လို့ ဧရာဝတီ တိုင်း ဒေသကြီး အစိုးရ အဖွဲ့ က ပြောပါတယ်။

ရွာလုံးကျွတ် ရေမြုပ် နေတဲ့ ကျေးရွာ အရေ အတွက် တော်တော် များများ ရှိနေပြီး အိမ်ခေါင် တွေ ပေါ် တက် နေရတဲ့ အထိ ဖြစ် နေတယ်လို့ ရေဘေး ဒုက္ခသည် တွေ အရေး ကူညီ ဆောင်ရွက် ပေးနေသူ တွေက ဆိုပါတယ်။

ရေဘေး ဒုက္ခသည် တွေ အတွက် အစားအစာနဲ့ သောက်ရေသန့် တို့လို့ အခြေခံ ပစ္စည်း တွေ ပံ့ပိုး ပေမယ့် အလှူရှင် တွေ လိုအပ် နေတယ်လို့လည်း ဆိုပါတယ်။

ဟင်္သာတ မှာတော့ ရေဘေး ဒုက္ခသည် တွေ အတွက် ကူညီ ထောက်ပံ့ရေး ပစ္စည်းတွေ စတင် ပေးနေပြီလို့ ဧရာဝတီတိုင်းလျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဘီဘီစီကို ပြောပါတယ်။

ဧရာဝတီ တိုင်းထဲ ရေဘေး ဒုက္ခသည် အရေ အတွက် ၃ သောင်း ကျော် ရှိနေပြီး ဒီ့ထက်ပို တိုးလာဖို့ ရှိနေတယ်လို့ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ