နိုင်ငံရေး မူဘောင် သုံးသပ်ရေး အစည်းအဝေးတွေ ကျင်းပမယ်

  • 9 ဩဂုတ် 2016
maijayan_
Image caption နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ ၃ ပွင့်ဆိုင် ဆွေးနွေး ကြဖို့ မိုင်ဂျာယန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဆုံးဖြတ်ထား။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အခု လကုန် ရက် မှာ စတင်မယ် လို့ ပြောထားတဲ့ ၂၁ ရာစု ပင်လုံ ညီလာ ခံ မတိုင်ခင် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် မူကြမ်း ကို ပြန်လည် သုံးသပ် ပြင်ဆင် ကြမယ့် အစည်း အဝေးတွေ လာမယ့် ဩဂုတ် လ ၁၂ ရက် နဲ့ ၁၃ ရက် တွေမှာ ရန်ကုန်က အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံး မှာ ကျင်းပ သွားဖို့ ရှိနေပါတယ်။

အဲဒီ့ ရက် တွေ မှာ လက်နက်ကိုင် အဖွဲ့တွေ၊ အစိုးရ ကိုယ်စားလှယ် တွေ နဲ့ နိုင်ငံရေး ပါတီ တွေ တွေ့ဆုံ ကြမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အဲဒီ့ မူဘောင် ပြန်လည် သုံးသပ်မယ့် အစည်းအဝေးတွေ မတိုင်ခင် လောလောဆယ် မှာတော့ တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု စာချုပ် NCA ထဲ လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့တွေ ရော၊ မထိုး ထားတဲ့ အဖွဲ့တွေ ဟာ ထိုင်းနိုင်ငံ ချင်းမိုင် မှာ တွေ့ဆုံ နေကြ ပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲ ကျရင် NCA သဘောတူမှု အတိုင်း ဖြစ်တဲ့ အစိုးရ လွှတ်တော် တပ်မတော်တို့ က တစုစီ နဲ့ ၃ စု ၊လက်နက် ကိုင်တိုင်းရင်းသားအဖွဲ့တွေ ကတစု၊ နိုင်ငံရေးပါတီ အစု၊ တိုင်းရင်းသား ကိုယ်စားလှယ် က တစု၊ ပါ၀င်သင့် ပါဝင်ထိုက်သူများ က တစု စုစုပေါင်း ၇ စု ပုံစံ ဆွေးနွေး ကြမှာ ကို လက်ခံမှာ ဖြစ်တယ်လို့ ချင်းမိုင် အစည်းကို တက်ရောက် နေတဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ က အထွေထွေအတွင်းရေးမှုး ဖဒို စောကွယ်ထူးဝင်း က ပြောပါတယ်။

ဖဒို စောကွယ်ထူးဝင်း ဟာ NCA လက်မှတ်ထိုး လက်နက်ကိုင် အဖွဲ့တွေ ဆွေးနွေးညှိနှုင်းရေး အဖွဲ့ Coordinating Team ရဲ့ ခေါင်းဆောင် အနေနဲ့လည်း တာဝန် ယူထားသူပါ။

နိုင်ငံရေး ဆွေးနွေးကြတဲ့ အခါNCA မူ အတိုင်း ၇ ပွင့်ဆိုင် ဆွေးနွေးမှာ ကိုလက် ခံ မှာ ဖြစ်ပေမယ့် ပေမယ့်၊ ဆုံးဖြတ်ချက် ချတဲ့ အခါ မှာတော့ ၃ ပွင့်ဆိုင် ဆုံးဖြတ် တဲ့ ပုံစံမျိုး ဖြစ်အောင် စဉ်းစား ထားတယ် လို့ လည်း ဖဒို ကွယ်ထူးဝင်း က ပြောပါတယ်။

အဲဒီ့လို တိုင်းရင်းသား လက်နက်ကိုင် တွေ ရဲ့ လိုလားချက် ကို ဩဂုတ် လ ၁၂ ရက် မှာ အစိုးရ ရဲ့ ငြိမ်းချမ်းရေး ကော်မရှင် နဲ့ ရန်ကုန်မှာ တွေ့ကြတဲ့ အခါဆက်လက် ညှိနှိုင်း သွားကြ ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ