တက္ကသိုလ်နည်းပြတွေကို ရာထူးတိုးပေး

  • 12 ဩဂုတ် 2016
university ဓာတ်ပုံ မူပိုင် higher education
Image caption နည်းပြဆရာ ၂၇ဝဝ ကျော်ကို ရာထူးတိုးမြှင့်

အဆင့်မြင့်ပညာ ဦးစီး ဌာနက တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နဲ့ ကောလိပ်တွေမှာ လုပ်သက် ၃ နှစ်နဲ့ အထက်ရှိတဲ့ နည်းပြဆရာ ၂၇ဝဝ ကျော်ကို လက်ထောက် ကထိက ရာထူးတိုးမြှင့် ခန့်အပ် လိုက်ပါတယ်။

လစ်လပ်သွားတဲ့ နည်းပြဆရာ ရာထူး နေရာတွေကို အစားထိုး ခန့်မယ် မခန့်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခုလို ရာထူးတိုးမြှင့် ခန့်အပ်လိုက်တာကို ကြိုဆိုကြောင်းနဲ့ ကထိက အထက်က ရာထူးတွေနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ကိုလည်း ပြန်လည် စဉ်းစား သင့်တယ်လို့ ရတနာပုံ တက္ကသိုလ် အင်္ဂလိပ်စာဌာန ကထိက (ဆရာ ဆရာမများ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ) ဦးသုတ က ပြောပါတယ်။

ဝန်ထမ်း လုပ်သက် ၃ နှစ်ကျော်ရင် ရာထူးတိုးပေးရမယ် ဆိုတဲ့ နိုင်ငံ့ဝန်ထမ်း ဥပဒေကို လိုက်နာတာ ဖြစ်လို့ ကြိုဆိုကြောင်း၊ သိပ္ပံနဲ့ နည်းပညာ၊ ကျန်းမာရေး စတဲ့ တခြား ဌာနတွေက လုပ်သက်ရင့်ပြီး ရာထူးမတက်တဲ့ ဆရာ ဆရာမတွေ ကိုလည်း ရာထူးတိုးပေးသင့်တယ်လို့ ဆိုပါတယ်။

စစ်အစိုးရ လက်ထက်က ကျန်ခဲ့တဲ့ ကထိက အထက် အဆင့်တွေမှာ ပါရဂူဘွဲ့မရရင် ရာထူးမတက်ပေးတဲ့ စနစ်ဟာ ဝန်ထမ်း ဥပဒေနဲ့ ဆန့်ကျင်နေလို့ ပြန်ပြင်သင့်တယ်လို့ ဦးသုတ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ