ငြိမ်းချမ်းရေးအတွက် ကြံ့ခိုင်ရေးဆွေးနွေး

  • 12 ဩဂုတ် 2016
usdp ဓာတ်ပုံ မူပိုင် epa
Image caption ကြံ့ခိုင်ရေးဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန်

၂၀၁၅ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ၅ ရက်ကြာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ သြဂုတ်လ ၁၁ ရက်နေ့က ပြီးစီးခဲ့ပါပြီ။

လာမယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံမှာ တင်သွင်းမယ့် ပါတီရဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒ သဘောထား အဖြစ် ဒီဆွေးနွေးပွဲက ရလဒ်တွေကို စုစည်း ဖော်ဆောင်မှာ ဖြစ်ပါတယ်။

သြဂုတ်လ တတိယပတ်မှာ ကျင်းပမယ့် ပါတီ ညီလာခံမှာလည်း အခုရရှိတဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ သဘောထားနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကာလ သဘောထားကို ဆက်စပ် သုံးသပ်မယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီက ပြောပါတယ်။

ပါတီကို ကျစ်လစ် ခိုင်မာအောင် ပြောင်းလဲ ဖွဲ့စည်းနေပြီး ဒီလိုဖွဲ့စည်းရာမှာ မူကိုမပြင်ဘဲ လူကိုပြင်မယ်လို့ ဦးခင်ရီက ပြောပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲ အပိတ်မိန့်ခွန်းမှာ ပါတီဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန်က နိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို ဖော်ဆောင်ရာမှာ ပုံတူကူးယူ လုပ်တာမျိုး မလုပ်သင့်ဘဲ မိမိနိုင်ငံရဲ့ သဘော သဘာဝ သမိုင်းနောက်ခံနဲ့ အခြေပြု မှသာ မှန်ကန်တဲ့ နိုင်ငံရေး စနစ်တခု ထူထောင်နိုင်မယ်လို့ ပြောခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ