နိုင်ငံတဝန်း ရေဘေးသင့်သူ ၄ သိန်းကျော်

  • 13 ဩဂုတ် 2016
Image caption သေဆုံးသူ ဦးရေက (၈)ဦးရှိသွားပြီ

နိုင်ငံတဝန်း ရေကြီးမှုတွေ ဖြစ်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး (၈)ခုက ကယ်ဆယ် ရေး စခန်းတွေမှာ ခိုလှုံနေရတဲ့ ရေဘေးသင့်သူ (၄)သိန်း (၃)သောင်းကျော် ပြီ ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

အခု အချက်အလက်တွေဟာ ဇူလိုင် (၁၅)ရက်နေ့ကနေ ဩဂုတ်လ (၁၂)ရက်နေ့ အထိ ဝန်ကြီးဌာနက ကောက်ယူထားတဲ့ စာရင်းတွေဖြစ်ပြီး ရေကြီးမှုကြောင့် သေဆုံးသူ ဦးရေက (၈)ဦးရှိသွားပြီ ဖြစ်ပါတယ်။

ရေကြီးမှုကြောင့် မကွေးတိုင်းမှာ ရေဘေးဒုက္ခသည် (၂)သိန်း ကျော်ရှိပါတယ်။ မန္တလေးမှာ (၁)သိန်းကျော် ရှိပြီး လောလောဆယ်မှာတော့ ဧရာဝတီတိုင်းထဲမှာ ရေကြီးရေလျှံမှုတွေ ကြုံနေရပါတယ်။

ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာက မကွေးတိုင်းမှာ အများဆုံး ဖြစ်ခဲ့ပြီး၊ မန္တလေး တိုင်း က ဒုတိယ အဖြစ်အများဆုံး ဖြစ်ပြီး၊ ဧရာဝတီ တိုင်းမှာ ရေကြီး ရေလျှံ ဖြစ်တဲ့ ဒေသ တွေက အထက်က ဒေသ ၂ ခုလောက် မများဘူးလို့ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ပြောပါတယ်။

တိုင်းဒေသကြီး အစိုးရ တွေက ထုတ်ပြန်တဲ့ ရေဘေး သင့်သူ အရေ အတွက် နဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန် တဲ့ စာရင်းဇယားတွေမှာ ကွဲလွဲချက်တွေလည်း ရှိနေပါတယ်။

ရေဘေးရှောင် စခန်းတွေမှာ ရောက်နေတဲ့ သူတွေရော၊ စခန်း ကို မရောက်လာတဲ့ ရေကြီး ရေလျှံ နေတဲ့ ဒေသတွေက လူတွေကိုရော ထောက်ပံ့မှု လုပ်ဖို့ ဝန်ကြီး ဌာန အနေနဲ့ ညွှန်ကြား ထားတယ်လို့ သိရပါတယ်။

စားနပ်ရိက္ခာ၊ ရေသန့် နဲ့ ဆေးဝါး ပစ္စည်းတွေကို ဝန်ကြီး ဌာန အနေနဲ့ ပေးပို့ ကူညီ မှုတွေ ပြုလုပ်နေကြေရာင်း လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ