နာဂဒေသ ကူးစက်ရောဂါကြောင့် သေဆုံးသူ ၄၂ ဦး အထိရှိ

  • 13 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AFP Photo 25.12.2014
Image caption သေဆုံး သူ အရေ အတွက် ၄၂ ယောက် ရှိသွား ပြီ

နာဂ ဒေသ လဟယ်နဲ့ နန်းယွင်း မြို့နယ် တွေမှာ ဇူလိုင် လဆန်းပိုင်း ကတည်းက ဝက်သက် ရောဂါ ကူးစက်မှု စတင် ဖြစ်ပေါ် လာခဲ့ပြီး ၊ လူတွေ အသက်ဆုံးရှုံး ရတဲ့ အထိ အောင် ပြင်းထန် ခဲ့ ပါတယ်။

အခု ဆိုရင် သေဆုံး သူ အရေ အတွက် ၄၂ ယောက် ရှိသွား ပြီ လို့ နာဂ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ ဦးစီး အဖွဲ့ရုံးရဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးသိန်းဇော် က ဘီဘီစီကို အတည်ပြု ပါတယ်။

သေဆုံးမှု နောက်ဆုံး ဖြစ်ခဲ့တဲ့ ဆန်ခွာမတ်ကုံး ရွာ မှာ လူနာ ၂ ဦး ရဲ့ အခြေ အနေဟာ စိုးရိမ် စရာ အနေအထားမှာ ရှိတယ်လို့ ဒေသခံ လူမျိုးစု ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဦးအောင်ထွဋ်က ဘီဘီစီ ကို ပြောပါတယ်။

လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ လွန်းလှတဲ့ တောင်ပေါ် ဒေသတွေ ဖြစ်တဲ့ အတွက် လူနာ တွေကို ဆေးရုံ တွေ ဆီ ခေါ် မသွား နိုင်ဘဲ ရွာတွေ မှာပဲ ကြည့်ရှု့ ကုသ ပေး နေကြရတာပါ။

နာဂ ဒေသကို ရောက်လာ ကြတဲ့ ကျန်းမာရေး အဖွဲ့တွေ အနေနဲ့ ရောဂါ ကူးစက် နေတဲ့ ရွာတွေ မှာ လူနာ တွေကို ကုသမှုတွေ ပေးခဲ့တဲ့အပြင် ကာကွယ် ဆေးထိုး တဲ့ လုပ်ငန်း တွေကို ပါ လုပ်ဆောင် နေရပါတယ်။

ကူးစက် ရောဂါ အန္တရာယ် ကို ကာကွယ်ဖို့ဆိုရင် တကိုယ်ရေ သန့်ရှင်းရေး စတဲ့ ကျန်းမာရေး အသိအမြင်တွေ ဒေသခံ တွေ မှာ ပိုမို သိမြင် လာဖို့ လိုအပ်နေတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ဆိုပါတယ်။

အစိုးရ ဘက်ကလည်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင်လုပ်ဆောင်ဖို့ လိုအပ်ပြီး၊ ကျန်းမာရေး ကဏ္ဍမှာလည်း လုံလောက်တဲ့ ဖြည့်ဆည်း မှုတွေ ဆောင်ရွက်ဖို့ လိုကြောင်း နာဂ ခေါင်းဆောင် တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ