ထိုင်းဗုံးခွဲမှုနဲ့မပတ်သက်ကြောင်းအစိုးရဟောင်း ပါတီဆို

  • 13 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ဖောက်ခွဲမှု ကို ဘယ်သူ လုပ်ဆောင်လဲ မသိရသေး

ထိုင်း စစ်အစိုးရရဲ့ အာဏာသိမ်း ဖြုတ်ချ ခံခဲ့ရတဲ့ အစိုးရဟောင်း အတိုက်အခံ ပါတီက နိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွား ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှု တွေမှာ သူတို့ ပါဝင်ပတ် သက်မှု မရှိဘူး ဆိုပြီး ငြင်းဆို လိုက်ပါတယ်။

ဒီဗုံးခွဲ တိုက်ခိုက်မှု တွေကို ဝန်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နာဝပ် က နောက်ကွယ် ကနေ စီစဉ် ခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှု တွေဟာ လုပ်ကြံ အသရေ ဖျက်မှု ဖြစ်တယ်လို့ ပါတီ ထိပ်တန်း တာဝန်ရှိသူ တဦးက ပြောပါတယ်။

ကမ္ဘာလှည့် ခရီးသည် တွေ အပန်းဖြေရာ ကမ်းခြေမြို့ တွေကို ပစ်မှတ် ထားပြီး ဆက်တိုက် လုပ်ခဲ့တဲ့ ဗုံးခွဲမှု တွေနဲ့ ပတ်သက်လို့ ဘယ်အုပ်စု အဖွဲ့ ကမှ ထုတ်ဖော် ဝန်ခံ တာမျိုး မရှိသေး ပါဘူး။

အဲဒီ ဗုံးခွဲမှု တွေ အတွင်း လူ၄ဦး သေဆုံး ခဲ့ပါတယ်။

လုံခြုံရေး တာဝန် ရှိသူ တွေ ကတော့ ဒါဟာ တောင်ပိုင်း ခွဲထွက်ရေး သမားတွေရဲ့ လက်ချက်လို့ ယူဆ နေကြပါတယ်။

စစ်အစိုးရ ထောက်ခံတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိုင်းပြည်သူ တွေက မဲပေး အတည်ပြု ခဲ့အပြီး ရက်ပိုင်း အကြာမှာ အခုလို ဗုံးခွဲ တိုက်ခိုက်မှု တွေ ဖြစ်ပွား ခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ