မြစ်ဆုံ အပါအဝင် ဧရာဝတီပေါ်က ရေအား လျှပ်စစ် စီမံကိန်း ၇ ခုကို ပြန်စိစစ်မယ်

  • 15 ဩဂုတ် 2016
_myit_sone_protest ဓာတ်ပုံ မူပိုင် EPA
Image caption လူထု ဆန္ဒပြပွဲတွေကြောင့်မြစ်ဆုံ ဆည် စီမံကိန်း ယာယီ ရပ်ဆိုင်း ထားခဲ့။

ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း အပါအဝင် ရေအား လျှပ်စစ် စီမံကိန်း ၇ ခုကို ဆက်လက် ဆောင်ရွက် သွားဖို့ သင့်မသင့် ဆိုတာ စိစစ် သွားမယ် ဆိုပြီး မြန်မာ အစိုးရက ပြီးခဲ့တဲ့ သောကြာနေ့က ဖွဲ့စည်း ပေးလိုက်တဲ့ ကော်မရှင် က ပြောပါတယ်။

ဧရာဝတီမြစ် ရေရှည် တည်တံ့ရေး အပေါ် ဒီ စီမံကိန်း တွေဟာ ဘယ်လို အကျိုး သက်ရောက်မှု တွေ ရှိမလဲ ဆိုတာ ကော်မရှင် က သုံးသပ် ရမှာ ဖြစ်တယ်လို့ ကော်မရှင် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်၊ မြန်မာ့ သဘာဝ ပတ်ဝန်းကျင် အဖွဲ့ Myanmar Environmental Institute ရဲ့ နာယက လည်း ဖြစ်တဲ့ ဦးမောင်မောင်အေးက ဘီဘီစီကို ပြောပါတယ်။

စီမံကိန်းတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ နိုင်ငံတကာ ပြဌာန်းချက်တွေ၊ ပြည်တွင်း ဥပဒေတွေ နဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာ အပါအဝင် ၊ ဒေသခံ တွေနဲ့ သဘာဝ ပတ်ဝန်းကျင် တွေ အပေါ် သက်ရောက်မယ့် ကောင်းကျိုး ဆိုးကျိုး တွေ ကိုလည်း ကော်မရှင် က လေ့လာ ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု စီမံကိန်းတွေကို အရင်သမ္မတ ဦးသိန်းစိန် လက်ထက် တုန်းက တရုတ် ကုမ္ပဏီ တစ်ခုနဲ့ကြား ချုပ်ဆို ခဲ့တာ ဖြစ်ပြီး၊ လူထု ဆန္ဒပြပွဲတွေကြောင့် ယာယီ ရပ်ဆိုင်း ထားခဲ့ရပါတယ်။

ကော်မရှင် အနေနဲ့ အဲဒီ့ နိုင်ငံတကာ စာချုပ် တွေ ကိုလည်း ပြန်လည် စိစစ် သုံးသပ် သွားဖို့ ရှိနေပြီး၊ ဒေသခံတွေရဲ့ သဘောထား အမြင် တွေကိုလည်း ထည့်သွင်း စဉ်းစားရမှာ ဖြစ်တယ်လို့ ဦးမောင်မောင်အေးက ဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ် နိုင်ငံ ခရီးစဉ် ရှိနေချိန် မှာပဲ အခုလို တရုတ်ပိုင် ကုမ္ပဏီ နဲ့ကြား စီမံကိန်း တွေကို ပြန်လည် စိစစ်ဖို့ ကော်မရှင် တစ်ရပ် ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ