၂၁ရာစု ပင်လုံညီလာခံအတွက် UPDJC အစည်းအဝေးကျင်းပ

  • 15 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် bbc
Image caption ၂၁ ရာစု ပင်လုံ ညီလာခံ ကို ဩဂုတ်လ ၃၁ ရက်နေ့ စတင် ကျင်းပဖို့ အားလုံးက သဘောတူ ဆုံးဖြတ်ခဲ့

၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပဖို့ အတွက် အရေးကြီးတဲ့ မူဝါဒ လေးချက် ကို တနင်္လာနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမူ ပူးတွဲ ကော်မတီ UPDJC အစည်း အဝေးမှာ ဆုံးဖြတ် ခဲ့ ကြ ပါတယ်။

မူဝါဒ လေးခု ထဲက အရေးကြီးတဲ့ မူဝါဒ တစ်ခု ကတော့ ပင်လုံညီလာခံ အတွက် တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် NCA မှာ လက်မှတ် မထိုးတဲ့ အဖွဲ့တွေ အနေနဲ့ ကျင်းပရေး ကော်မတီမှာ ပါဝင်ဖို့ သဘောတူ လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ကနေ နားလည်မှု ရရှိ ခဲ့ရင်၊ NCA မှာ လက်မှတ်ထိုးပြီး ၂၁ ရာစု ညီလာခံမှာ ဒီ အဖွဲ့တွေ ပါဝင် ဆွေးနွေး နိုင်ဖို့ ရှိတယ်လို့ ပအိုးဝ် အမျိုးသားများ အဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒါပေမယ့်လည်း အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ AA ရခိုင့် တပ်မတော် TNLA တအာန်း ပလောင်နဲ့ MNDAA ကိုးကန့် အဖွဲ့တွေ တက်ရောက် နိုင်ရေး ကိုတော့ အစိုးရနဲ့ ဆက်လက် ဆွေးနွေး နေဆဲ ဖြစ်ပါတယ်။

ကျန်တဲ့ မူဝါဒ ၃ ခု ကတော့ ညီလာခံကို အားလုံး တက်ရောက် နိုင်ရေး၊ ညီလာခံ ကိုယ်စားလှယ်များ ဆိုတဲ့ စကား ရပ် အစား ညီလာခံ တက်ရောက် သူများ အဖြစ် ပြောင်းလဲပြီး၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေ ကျင်းပရေး တို့ဖြစ်ပါတယ်။

အခု အစည်း အဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ပြီး ၂၁ ရာစု ပင်လုံ ညီလာခံ ကို ဩဂုတ်လ ၃၁ ရက်နေ့ စတင် ကျင်းပဖို့ အားလုံးက သဘောတူ ဆုံးဖြတ်ခဲ့ ပါတယ်။

ဩဂုတ်လ ၃၁ ရက် စတင်မယ့် ဒီ ညီလာခံဟာ နိုင်ငံရေး ဆွေးနွေး ပွဲတွေ ပြုလုပ် နိုင်ဖို့ ဖြစ်ပြီး နိုင်ငံ ရေး ဆွေးနွေး ပွဲတွေ ကိုတော့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေ ကျမှသာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့ မှာတော့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ အတွက် ဆက်လက် ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။