အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ အကြောင်း ပြောမယ့် UPDJC ဒုတိယနေ့ အစည်းအဝေး

  • 16 ဩဂုတ် 2016
_updjc
Image caption UPDJC အစည်းအဝေး ပထမနေ့မှာ ပင်လုံညီလာခံနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ မူဝါဒ တချို့ကို ဆုံးဖြတ် နိုင်ခဲ့။

၂၁ ရာစု ပင်လုံ ညီလာခံ မှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေ ပြုလုပ် သွား နိုင်ဖို့ အတွက်၊ နေပြည်တော် မှာ လက်ရှိ တွေ့ဆုံ နေကြတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေး မှာ ဒီကနေ့ ဩဂုတ်လ ၁၆ ရက် အင်္ဂါနေ့မှာ ဆက်လက် ဆွေးနွေး သွားဖို့ ရှိနေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့တဲ့ UPDJC အစည်းအဝေး ကို မနေ့ တနင်္လာနေ့က စတင်ခဲ့တာ ဖြစ်ပြီး၊ ပင်လုံညီလာခံနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ မူဝါဒ တချို့ကို ဆုံးဖြတ် နိုင်ခဲ့ ပါတယ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ လက်မှတ် မရေးထိုးရ သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လည်း ပင်လုံ ညီလာခံ ကျင်းပရေး ကော်မတီ ထဲ ပါဝင်ခွင့် ရရှိ လာခဲ့ သလို၊ ညီလာခံမှာ အားလုံး ပါဝင် တက်ရောက် နိုင်ရေးနဲ့ ညီလာခံ ကိုယ်စားလှယ်များ ဆိုတဲ့ စကား ရပ် အစား ညီလာခံ တက်ရောက် သူများ အဖြစ် ပြောင်းလဲပြီး အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေ ကျင်းပရေး စတဲ့ မူတွေ ချမှတ် ခဲ့တာပါ။

ဒါပေမယ့် ရခိုင်တပ် AA၊ တအာန်း ပလောင်တပ် TNLA နဲ့ ကိုးကန့် တပ် MNDAA အဖွဲ့တွေ တက်ရောက် နိုင်ရေး ကိုတော့ အစိုးရနဲ့ကြား ဆက်လက် ဆွေးနွေး နေရဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ