ဒေါ်အောင်ဆန်းစုကြည် တရုတ် ခရီးစဉ် ဒီနေ့စမယ်

  • 16 ဩဂုတ် 2016
dassk_china_
Image caption တရုတ် နိုင်ငံအနေနဲ့ မြန်မာနဲ့ကြား မဟာဗျူဟာမြောက် ဆက်ဆံရေး တိုးတက် ဖို့ စိတ်အား ထက်သန် နေ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ် ကို ဩဂုတ်လ ၁၇ ရက် ဒီကနေ့ စတင်မှာ ဖြစ်ပါတယ်။

အခု ခရီးစဉ် အတွင်း တရုတ် သမ္မတ ရှီကျင်းပင်နဲ့ ဝန်ကြီးချုပ် လီကာကျန်း အပါအဝင် တရုတ် ထိပ်တန်း ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ မှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် နှစ်နိုင်ငံကြား အကျိုးတူ ကိစ္စတွေ ကို ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အတွင်း ဆွေးနွေး သွားမယ်လို့ တရုတ် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ထားပါတယ်။

တရုတ် နိုင်ငံအနေနဲ့ မြန်မာနဲ့ကြား မဟာဗျူဟာမြောက် ဆက်ဆံရေး တိုးတက် ဖို့ စိတ်အား ထက်သန် နေတယ် ဆိုပြီး အမေရိကန် အခြေစိုက် Stimson Centre ဌာန၊ အရှေ့တောင် အာရှ ရေးရာ ကျွမ်းကျင်သူ ယွန်စွမ် က သုံးသပ်ပါတယ်။

မြန်မာ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင် နိုင်ဖို့ ဆိုရင် မြန်မာ အစိုးရ အနေနဲ့ တရုတ် ရဲ့ အကူအညီ လိုအပ် နေတယ် လို့လည်း မစ္စ ယွန် က ဆိုပါတယ်။

ဝတပ်ဖွဲ့ UWSA နဲ့ မုန်းလား အဖွဲ့ တို့ ကို ငြိမ်းချမ်းရေး ဖြစ်စဉ် ထဲ ပါဝင်ဖို့ တရုတ်က တိုက်တွန်း နေတယ် လို့လည်း မစ္စ ယွန် က ပြောပါတယ်။

တရုတ်ရဲ့ မြန်မာ နိုင်ငံထဲ စီးပွားရေး အရ ရင်းနှီးမြှုပ်နှံ မှု တချို့နဲ့ ပတ်သက်ပြီး မြန်မာ လူမှု အသိုင်းအဝိုင်းတွေ အကြား တရုတ် အစိုးရ အပေါ် ပြင်းထန် တဲ့ သဘောထားတွေ ရှိနေတာ ကနေ အပြောင်းအလဲ ဖြစ်အောင် ဆောင်ရွက် ပေးနိုင်သူ ဟာ ဒေါ်အောင်ဆန်းစုကြည် ပဲ ဖြစ်တယ်လို့ တရုတ် အနေနဲ့ ယူဆပုံ ရကြောင်း လည်း မစ္စ ယွန်က သုံးသပ် ထားပါတယ်။

အခု ခရီးစဉ်ဟာ ၂ဝ၁၅ ရွေးကောက်ပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည်က လက်တွေ့အရ ဦးဆောင်မှု ပေးနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင် တဲ့ အစိုးရ သစ် ပေါ်ပေါက် လာခဲ့ ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ် နိုင်ငံကို ပထမဆုံး သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ