ပင်လုံညီလာခံ အတွက် အရေးကြီးတဲ့ မူတချို့ ချနိုင်ခဲ့တဲ့ UPDJC အစည်းအဝေး ပြီးဆုံး

  • 16 ဩဂုတ် 2016
_updjc_meeting_
Image caption ငြိမ်းချမ်းရေး ညီလာခံ ရက် နီးကပ် လာတဲ့ အခါမှာလည်း UPDJC အစည်းအဝေး ထပ်ခေါ်ယူမယ်။

ဩဂုတ်လ အကုန် ကျရင် ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံ မှာ တက်ရောက် ကြမယ့် လူပုဂ္ဂိုလ် အရေအတွက် ကို ဩဂုတ်လ ၁၆ ရက် အင်္ဂါနေ့က ကျင်းပ ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး ကနေ ဆုံးဖြတ် နိုင်ခဲ့ပါတယ်။

အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်၊ တိုင်းရင်းသားနဲ့ ပါဝင့်သင့် ပါဝင်ထိုက်သူများ ဆိုတဲ့ အစုအဖွဲ့ ၇ ခုက စုစုပေါင်း အယောက် ၇၅ဝ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပ သွားဖို့ သဘောတူ ခဲ့ကြတာ ဖြစ်ပါတယ်။

UPDJC အစည်းအဝေးကို ၂ ရက် တာ ကျင်းပခဲ့ကြတာ ဖြစ်ပြီး၊ ငြိမ်းချမ်းရေး ညီလာခံ ရက် နီးကပ် လာတဲ့ အခါမှာလည်း တစ်ခေါက် ထပ်ခေါ်ယူဖို့ ရှိနေပါတယ်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ထဲ လက်မှတ် မရေးထိုး သေးတဲ့ လက်နက်ကိုင် အဖွဲ့တွေပါ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ကော်မတီ ထဲ ပါဝင်ဖို့ အချက် အပါအဝင် အရေးကြီးတဲ့ မူဝါဒ တွေကို အခု ၂ ရက်တာ ကျင်းပခဲ့တဲ့ UPDJC အစည်းအဝေး မှာ ချမှတ် နိုင်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ