ဒေါ်အောင်ဆန်းစုကြည် ဘေဂျင်းမြို့တော်ကို ရောက်နေပြီ

  • 17 ဩဂုတ် 2016
dassk_china
Image caption မြစ်ဆုံ ရေကာတာ စီမံကိန်း အကြောင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခု ခရီးစဉ် အတွင်း တရုတ် အာဏာပိုင်တွေနဲ့ကြား ဆွေးနွေး သွားမယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်း မှာ ရောက်ရှိ နေပြီ ဖြစ်ပြီး တရုတ် အစိုးရ ထိပ်တန်း ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

တရုတ် နိုင်ငံဟာ မြန်မာနဲ့ အဓိက ကုန်သွယ်ဘက် နိုင်ငံ ဖြစ်သလို၊ စီးပွားရေး အရလည်း အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ ကျော် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ် ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ရေအားလျှပ်စစ် ထုတ်ယူမယ့် စီမံကိန်း တွေ နဲ့ ရေနံ သဘာဝ ဓာတ်ငွေ့ ထုတ်ယူ တဲ့ ကဏ္ဍ တွေ အပြင် နောက်ပိုင်း ကုန်ထုတ် လုပ်မှု ကဏ္ဍ တွေမှာလည်း တရုတ် ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေ ရှိတယ် လို့ ရင်းနှီးမြှုပ်နှံမှု နဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံထဲ ပေါ်ပေါက်ခဲ့တဲ့ ကန့်ကွက်မှုတွေ ကြောင့် အရင်အစိုးရ လက်ထက် ရပ်ဆိုင်း ထားရတဲ့ ကချင်ပြည်နယ်က မြစ်ဆုံ ရေကာတာ စီမံကိန်း အကြောင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခု ခရီးစဉ် အတွင်း တရုတ် အာဏာပိုင်တွေနဲ့ကြား ဆွေးနွေး သွားမယ်လို့ မြန်မာ အစိုးရဘက်က ပြောထားပါတယ်။

ဧရာဝတီ မြစ်ဆုံ စီမံကိန်း အပါအဝင် ၊ ကျန်တဲ့ ရေအား လျှပ်စစ် စီမံကိန်း တွေ လုံးဝ ရပ်တန့် ရေးကို လိုလားတယ် ဆိုပြီး ကချင်ပြည်နယ် အရပ်ဖက် အဖွဲစည်းများ ငြိမ်းချမ်းရေး ကွန်ယက်က ဘီဘီစီကို ပြောပါတယ်။

မြစ်ဆုံ စီမံကိန်း အပါအဝင် တရုတ် နိုင်ငံနဲ့ကြား ချုပ်ဆို ထားတဲ့ ရေအားလျှပ်စစ် စီမံကိန်း ၇ ကို ပြန်လည် စိစစ်ဖို့ ဆိုပြီး မြန်မာ အစိုးရကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ကော်မရှင် တစ်ရပ် ဖွဲ့စည်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ