ရခိုင် ကမ်းရိုးတန်းမှာ ပြေးဆွဲဖို့ ဂျပန် က သင်္ဘော ၃ စင်း ကူညီမယ်

  • 17 ဩဂုတ် 2016
_rakhine_costal_ferry_
Image caption ရခိုင် ဒေသခံ တွေဟာ ကူးသန်း သွားလာရေးမှာ ကန်းရိုးတန်းသွား သင်္ဘော တွေကို အားကိုး နေရ။

ရခိုင်ပြည်နယ် မှာ ရပ်နား ထားတာ တနှစ်ခွဲ ကျော် ကြာပြီ ဖြစ်တဲ့ အစိုးရပိုင် ကန်းရိုးတန်းသွား သင်္ဘော တွေ ပြေးဆွဲ ပေးတဲ့ လုပ်ငန်းကို ပြန်စ နိုင်ဖို့ ဂျပန် နိုင်ငံက သင်္ဘော ၃ စင်း ပေးလှူ လာမယ့် အစီအစဉ် ရှိနေတယ် လို့ ရခိုင် ပြည်နယ် အစိုးရ က ပြောပါတယ်။

လက်ရှိ သင်္ဘောတွေ ဟာ ပြေးဆွဲ ပေးဖို့ရာ ဟောင်းနွမ်း လွန်းနေတဲ့ အတွက် ရပ်နား ထားရတာ ဖြစ်တယ် ဆိုပြီး ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ရခိုင်ပြည်နယ်မှာ အောင်တံခွန် (၃) အမည် ရှိတဲ့ ကန်းရိုးတန်းသွား သင်္ဘော နစ်မြုပ် ခဲ့ပြီး လူပေါင်း ၁၆၅ ယောက် သေဆုံး ခဲ့ရတဲ့ နောက် အစိုးရပိုင် သင်္ဘောတွေကို ရပ်နား ထားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဒေသတွေဟာ ကူးသန်း သွားလာရေးမှာ ကန်းရိုးတန်းသွား သင်္ဘော တွေကို အားကိုး နေရပြီး အစိုးရပိုင်း သင်္ဘောတွေ ခုတ်မောင်းစဉ်က ဆို ခရီးစားရိတ်လည်း သက်သာတယ် လို့ ဒေသခံတွေက ပြောပါတယ်။

အစိုးရပိုင် ကမ်းရိုးတန်း သွား သင်္ဘောတွေကို ပိတ်ပင်ထားတာကြောင့် အခုလို လှိုင်းလေ ထန် တဲ့ အချိန် မျိုးမှာ ဒေသခံ တွေ အတွက် အထူး ခက်ခဲ စေတယ် လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ