မြန်မာ ပို့ကုန် သွင်းကုန် မညီမျှ

  • 18 ဩဂုတ် 2016
Image caption ကုန်သွယ်ရေး လိုငွေပြမှု ၁ ဒဿမ ၅ ဘီလျံ ရှိ

စိုးရသစ် လက်ထက် ပထမ လေးလ အတွင်းမှာ ပို့ကုန် ထက် သွင်းကုန် က ဒေါ်လာ ဘီလျံ လောက် အထိ ပိုများပြီး တင်သွင်း ခဲ့ရ ပါတယ်။

ဒီနှစ်ကုန် အထိ လည်း ဒီတိုင်း လျော့ နည်း နေဖို့ ရှိနေတဲ့ အတွက် အ အစိုးရ သစ် ပြောထားတဲ့ ပို့ကုန် တိုးမြှင့်ရေး အစီ အစဉ် ဟာ ဒီအတိုင်း ဆိုရင် အတော့်ကို လုပ်ယူ ရမယ့် အခြေ အနေပါ။

မြန်မာ နိုင်ငံ ကနေ နိုင်ငံ တကာ ကို အဓိက တင်ပို့ နေတဲ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ဈေးနှုန်းများ ကျဆင်း နေသလို ၊ သစ် အလုံးလိုက် တင်ပို့ မှု တားမြစ် ထားတာရယ်၊ ကျောက်စိမ်း ရောင်းချ တာကို လျှော့ချ တာတွေ နဲ့လည်း ဆက်စပ်မှု ရှိပါတယ်။

အထူး သဖြင့် ရေကြီး မှုကြောင့် လယ်ယာ စိုက်ပျိုးရေး ထုတ်လုပ် မှုများ လျော့ကျလာ ပြီး ပို့ကုန် ပမာဏ ကို ကျဆင်း နေတာပါ။

ဧပြီလမှ ဇူလိုင်လ ကုန် အထိ မြန်မာ နိုင်ငံက နိုင်ငံ တကာနဲ့ ကုန်သွယ်မှု ပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၈ ဘီလျံ ကျော် ရှိပြီး ပို့ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဘီလျံ ကျော်နဲ့၊ သွင်းကုန် တန်ဖိုး ၄ ဘီလျံ ကျော် ရှိပါ တယ်။

ကုန်သွယ်ရေး လိုငွေပြမှု ၁ ဒဿမ ၅ ဘီလျံ ရှိ တယ်လို့ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနရဲ့ တရားဝင် စာရင်း တွေ အရ သိရပါတယ်။

မြန်မာ နိုင်ငံ ရဲ့ လက်ရှိ ရာသီဥတု အခြေ အနေ ဟာ ခန့်မှန်းလို့ မရတာကြောင့် လယ်ယာ စိုက်ပျိုးရေး ထုတ်လုပ် မှုကို မြှင့်တင်ရန် များစွာ အခက် အခဲ ရှိနိုင်တယ် လို့ ပြည်တွင်းက စီးပွါးရေး လုပ် ငန်းရှင်တွေက ပြောပါတယ်။

လာမယ့် နှစ်တွေမှာ မြန်မာစီးပွါးရေး အလားအလာကို သုံးသပ် လို့ မရသေး ပေမဲ့ လယ်ယာ ပို့ကုန် ကျဆင်းမှု သစ်တင် ပို့မှု ကျောက်စိမ်း ရောင်းချ မှုတွေ ရပ်နားထား တာတွေကြောင့် လိုငွေပြနေမယ် လို့ စီးပွါးရေး ပညာရှင်တွေက မှန်းကြ ပါတယ်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဘက်က လက်ရှိ အစိုးရ သက်တမ်း အတွင်း ပို့ကုန် သုံးဆ မြှင့်တင်ဖို့ ရည်မှန်း ထားပြီး တော့ အခု အခြေ အနေ မှာတော့ ဒါကို ပြည့်မီဖို့ အတွက် စိန်ခေါ်ချက် များစွာကို ရင်ဆိုင် ရဦးမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ