တရုတ်မြန်မာ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက် ထုတ်ပြန်

  • 20 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ တရုတ် ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့

တရုတ်နိုင်ငံကို ငါးရက်ကြာ တရား၀င် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်အတွင်းမှာ တရုတ်မြန်မာ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက် တရပ်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေညာချက်ထဲမှာ ကုန်သွယ်ရေး စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ ဆိုပေမယ့် အများ မျှော်လင့်နေတဲ့ ဧရာ၀တီ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ ဖော်ပြထားတာ မတွေ့ရပါဘူး။

ဒါ့အပြင် မြန်မာ တရုတ် နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ခိုင်မာမှု ရှိရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီနေ့ သြဂုတ်လ ၂၀ရက်နေ့ မနက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘေဂျင်းမြို့ကနေ ရှီအန်းမြို့ကို ရောက်ရှိခဲ့ပြီး ချင်ရှီယွမ်း ဘုရင်ရဲ့ စစ်သည်တော်များနဲ့ မြင်းရုပ်တု ပြတိုက်ကို သွားရောက် လေ့လာခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ