အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်ရောက်

  • 22 ဩဂုတ် 2016
India Foreign Minister meets Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် MOFA
Image caption အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ

မြန်မာ နိုင်ငံကို ရောက်လာတဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဆူရှမာ ဆွာရာ့ချ် H.E. Mrs. Sushma Swaraj နဲ့ အဖွဲ့ဟာ နိုင်ငံတော် သမ္မတ ဦးထင်ကျော် နဲ့ရော အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ပါ သြဂုတ်လ ၂၂ ရက်နေ့က သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ ပညာရေး ကျန်းမာရေးနဲ့ နှစ်နိုင်ငံ ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့ကြ ပါတယ်။

စက်တင်ဘာ လဆန်းမှာတော့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့လည်း အိန္ဒိယ နိုင်ငံကိုသွားရောက်ဖို့ ရှိနေပါတယ်။

အဲဒီ အခါ စိုက်ပျိုးရေး၊ နည်းပညာနဲ့ အခြေခံ အဆောက်အဦ စတဲ့ ဒီမိုကရက်တစ် ဆိုင်ရာ အဖွဲ့ အစည်းတွေ တိုးတက်အောင် လုပ်ဆောင်ပေးမယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးရဲ့ အပြောအရ သိရကြောင်း အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့ မြန်မာသတင်းစာ သိပ္ပံကျောင်း ညွန်ကြားရေးမှူး ဦးစိန်ဝင်းက ပြောပါတယ်။

ဒါ့အပြင် လုံခြုံရေးကိစ္စနဲ့ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု ကိစ္စတွေကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယကို ဆက်သွယ်တဲ့ ကီလို ၆၉၀၀ အရှည်ရှိ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းတည်ဆောက်ဖို့ မြန်မာ ဖက်က ခွင့်ပြုချက်ကို အိန္ဒိယက လိုလား နေတယ် လို့လည်း သူက ပြောပါတယ်။

NLD အစိုးရ အာဏာရလာတဲ့ နောက်မှာ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ရော အာရှမှာရှိတဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ပါ ပိုမိုဆက်ဆံလာတာ တွေ့ရပါတယ်။

တချိန်တည်းမှာပဲ မကြာခင်ရက်ပိုင်းက အိန္ဒိယ မြန်မာ နယ်စပ်မှာ နာဂ လက်နက်ကိုင်အဖွဲ့တွေနဲ့ အိန္ဒိယ တပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အိန္ဒိယ စစ်တပ်က မြန်မာပိုင်နက်ထဲ အထိ ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ နိုင်ငံတကာသတင်း တချို့က ရေးသားတာတွေ ရှိခဲ့ပေမဲ့ တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ကတော့ အိန္ဒိယ အစိုးရကို တိုက်ခိုက်နေသူတွေကို မြန်မာ့ မြေပေါ်မှာ ကျူးကျော်ခွင့် ပြုမှာ မဟုတ်ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ