၂ဝ၁၇ ကျရင် မြန်မာ နိုင်ငံမှာ ကြားဖြတ် ရွေးကောက်ပွဲ တစ်ရပ် ရှိလာမယ်

  • 22 ဩဂုတ် 2016
assk_newyear
Image caption ဒေါ်အောင်ဆန်းစုကြည် နေရာ အပါအဝင် လစ်လပ် နေရာတွေ အတွက် ၂ဝ၁၇ မှာ ကြားဖြတ် ရွေးကောက်ပွဲ လုပ်မယ်။

မြန်မာ နိုင်ငံမှာ ကြားဖြတ် ရွေးကောက်ပွဲ တစ်ရပ်ကို လာမယ့် နှစ် ၂ဝ၁၇ နှစ်ဆန်းပိုင်းမှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ဒါပေမယ့် ရက် အတိတကျတော့ မသတ်မှတ်ရ သေးဘူးလို့ ကော်မရှင် အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ ဦးထွန်းခင်က ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီး နေရာတွေ နဲ့ တခြား အရေးတကြီး တာဝန် တွေ ကို ရယူ ထားသူတွေ ရဲ့ နေရာ တွေ စုစုပေါင်း လစ်လပ် နေရာ ၁၂ နေရာ ရှိတယ်လို့ ဦးထွန်းခင်က ဆိုပါတယ်။

နယ်မြေ မအေးချမ်း ခဲ့လို့ ဆိုပြီး ၂ဝ၁၅ တုန်းက ရွေးကောက်ပွဲ မကျင်းမ ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ် ထဲက မိုင်းရှုး နဲ့ ကျေးသီး မြို့နယ် တွေမှာလည်း ကြားဖြတ် ရွေးကောက်ပွဲ လုပ်ပေးဖို့ ကော်မရှင် ဘက်က ရည်ရွယ် ထားပေမယ့် လုံခြုံရေး ဆိုင်ရာ အာဏာပိုင် တွေ ဆီက အကြံပြုချက် ရယူ ဦးမှာ ဖြစ်တယ်လို့ လည်း ဦးထွန်းခင် က ပြောပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲ တကယ် ကျင်းပမယ့် ရက်ကို ၃ လ အရင် ကြို ကြေညာ ပေးမယ်လို့ ဆိုပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ကော်မရှင်ကို တိုင်တမ်း ထားတဲ့ အမှု တွေ ထဲက တစ်ဝက် ကျော်လောက်ကို ကော်မရှင် ဘက်က ဖြေရှင်း ဆုံးဖြတ် ထားပြီး လာမယ့် အောက်တိုဘာ လထဲ ဆိုရင် အမှု ကိစ္စ အားလုံး ပြီးပြတ် သွားနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မျှော်မှန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ