ရှမ်းပြည် တောင်ပိုင်းမှာ မိသားစု ၃ ဦး အသတ်ခံရ

  • 22 ဩဂုတ် 2016
Image caption စျေးနေ့မှာ စျေးမထွက် တာက စလို့ သတိထားမိ ခဲ့

ရှမ်းပြည်နယ် တောင်ကြီးမြို့ ရွှေညောင် အပိုင် ရပ်စောက် လမ်းခွဲ က တောင်နီ ရွာမှာ မိသားစုဝင် သုံးဦး စလုံး အသတ်ခံ ရတဲ့ သုံးလောင်းပြိုင် လူသတ်မှု တခု ဖြစ်ပွားခဲ့ ပါတယ်။

တောင်ကြီးမြို့နဲ့ မိုင် ၃၀ လောက် ဝေးတဲ့ ဒီ တောင်နီရွာ လူသတ် မှုမှာ အသတ်ခံ ရသူတွေဟာ အမျိုး သမီး တစ်ဦး နဲ့ ကလေး နှစ်ဦး ဖြစ်ပါ တယ်။

မင်္ဂလာဒုံ မှာ ဖြစ်တဲ့ လေးလောင်းပြိုင် လူသတ်မှုနဲ့ ရက်ပိုင်း လောက်ပဲ ကွာပြီး၊ အသတ် ခံရသူတွေ ဟာ မုန်းဝန်း တရုတ်တွေ ဖြစ်တယ် လို့ ဒေသခံ တွေက ပြောပါတယ်။

အသတ်ခံရ တယ်လို့ ယူဆ ရတဲ့ ညက မိုးတွေ သည်းသည်း မဲမဲ ရွာနေလို့ ပတ်ဝန်းကျင်က သတိ မထားမိ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအမျိုး သမီးဟာ ဆန်ခေါက်ဆွဲ ရောင်းတဲ့ သူဖြစ်ပြီး စျေးနေ့မှာ စျေးမထွက် တာက စလို့ သတိထားမိ ခဲ့တာလို့ တောင်နီ ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးလှသော် က ပြောပါတယ်။

အသတ် ခံရတဲ့ သူ ၃ ယောက် စလုံး၊ လည်ပင်းကို ဓားနဲ့ လှီးဖြတ် သတ်ထား တဲ့ ဒဏ်ရာ မျိုး တွေ့ရ ပြီး အခုတော့ အလောင်းတွေကို တောင်ကြီး စပ်စံထွန်း ရင်ကွဲရုံ မှာ စစ်ဆေး မှုတွေ ပြုလုပ် နေပါတယ်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ မှူး အပါ အဝင် ရဲတပ်ဖွဲ့ ဝင်တွေ ကတော့ တောင်နီ ရွာကို လာပြီး စုံစမ်း စစ်ဆေးမှု တွေ လုပ်နေ ပါတယ်။

ဒီလို ကလေးငယ်တွေ အပါ အဝင် မိသားစု ဝင်တွေ အခုလို အသတ်ခံ ရမှုတွေနဲ့ ပတ်သက်ပြီး လူအများ စိုးရိမ် မှုတွေ ရှိကြ သလို ရဲတပ်ဖွဲ့ ဘက်က တရားခံ ဖော်ထုတ် ပေးဖို့ ကိုလည်း အထူး စိတ်ဝင်စား နေကြ ပါတယ်။

ဆက်စပ် အကြောင်းအရာများ