ခေါင်းဆောင်သစ်တွေနဲ့ ကြံ့ခိုင်ရေး ပါတီရဲ့ အနာဂတ်

  • 23 ဩဂုတ် 2016
Image caption ဥက္ကဌ ဦးသန်းဌေး အပါအဝင် အများစု က ပါတီ ဦးဆောင်မှုပိုင်း ကို အခုမှ နေရာယူ

အရင် အာဏာရ ပါတီ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP က ခေါင်းဆောင် ပိုင်း အပြောင်းအလဲ ကို အကြီးအကျယ်လုပ်လိုက်ပါတယ်။

ပါတီကိုဦးဆောင်မယ့် ဗဟို အလုပ် အမှုဆောင် အဖွဲ့မှာ ဥက္ကဌ ဦးသန်းဌေး အပါအဝင် အများစု က ပါတီ ဦးဆောင်မှုပိုင်း ကို အခုမှ နေရာယူလိုက်ကြတာပါ။

အရင် ဥက္ကဌ ဦးသိန်းစိန်၊ ဒုဥက္ကဌ ဦးဌေးဦး အပါအဝင် အလုပ်အမှုဆောင် အဟောင်းတွေ က ပါတီ ရဲ့ နာယက တွေ အဖြစ် ပါတီကို အကြံပေး ထိန်းကျောင်းကြမှာပါ။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ဖြစ်ပွား ခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီ အတွင်း အကွဲ အပြဲဟာ ပြီးဆုံး ခဲ့ပြီလို့ ဆိုရမှာပါ။

သူရ ဦးရွှေမန်းကို ထောက်ခံ ခဲ့တဲ့သူတွေ၊ အရင် လွှတ်တော်ထဲမှာပါခဲ့သူတွေ နဲ့။ စစ်အစိုးရ ခေတ်က ဝန်ကြီးဟောင်းတွေ အတော်များများကိုလည်း ဖယ်ထုတ် ခဲ့ပါတယ်။

ပါတီတွင်း ဂိုဏ်းဂဏ ကိစ္စကို အရင်ဆုံး ဖြေရှင်းပြီးနောက်မှာ ပါတီ အောင်နိုင်ရေး အတွက် နည်းဗျူဟာ ကျကျ လုပ်ကိုင် ဆောင်ရွက်လာမှာလည်း ဖြစ်ပါတယ်။

အခုလို အပြောင်းအလဲ လုပ်ပြီးတဲ့နောက် စည်းရုံးရေး ကိစ္စတွေ ဆောင်ရွက်ရာမှာ ပါတီကို ပြန်လည် လူကြိုက်များနိုင်မလား ဆိုတာကတော့ စောင့်ကြည့် ရမှာပါ။

ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာ တပ်မတော် ကနေ အသွင်ကူးပြောင်း ရောက်ရှိလာတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့ အတွက် တပ်မတော်ရဲ့ ထောက်ခံမှု က ဆက်လက် ရှိနေမှာ ဖြစ်တယ်လို့ သုံးသပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ