ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူ ၃ဦး သေဆုံး

  • 24 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ပုဂံက စေတီ ဘုရားပေါင်း ၁၈၅ ဆူ ပျက်စီးမှု ရှိခဲ့

သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ကျော်မှာ ချောက်မြို့အနောက်ဖက် ၁၂ မိုင်ကွာလောက် အကွာ ကို ဗဟိုပြုပြီးတော့ ရစ်ခ်တာ စကေး ၆ ဒဿမ ၈ ပြင်းအား ရှိတဲ့ မြေငလျင်တခုလှုပ်ခတ် ခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူ ၃ဉီး ရှိပါတယ်။ ရေနံချောင်း မြို့နယ်က ရှားပင်ရိုးကျေးရွာမှာ ဧရာဝတီ ကမ်းပါးပြိုကျတာကြောင့် ပထမတန်း ကျောင်းသူ နဲ့ နဝမတန်း ကျောင်းသူ မိန်းကလေး၂ ဉီး သေဆုံး ခဲ့ပါတယ်။ နောက်တခါ ပခုက္ကူ၊ ကွင်းကျောင်းရွာ မှာ လူတစ်ယောက်လည်း အသက်ဆုံးပါးခဲ့ရပါတယ်။

ဒီအင်အားပြင်းတဲ့ ငလျင် ရဲ့လှုပ်ခတ်မှု ကို မြန်မာနိုင် ငံ ဒေသအတော်များများမှာ ခံစား လိုက်ကြရပြီးတော့ အရှေ့ဘက်ထိုင်းနိုင်ငံ ကဘန်ကောက်၊ အနောက်ဘက် ဘင်္ဂလားဒေ့ရှ် က ဒက္ကာ အထိ ကို ငလျင် ရဲ့ သက်ရောက်မှု ရှိခဲ့တာပါ။

ငလျင် ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်တာ ကတော့ ပုဂံ က ယဉ်ကျေးမှုအမွေ စေတီ ပုထိုးတွေ ပါ။

လောလောဆယ် ပုဂံက စေတီ ဘုရားပေါင်း ၁၈၅ ဆူ ပျက်စီးမှု ရှိခဲ့တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက် အရ သိရှိရပါတယ်။

လောကနန္ဒာ၊ စူဠာမဏိ၊ စေတနာကြီးဘုရား၊ ထီးလိုမင်းလို တို့လို လူသိများ တဲ့ စေတီပုထိုး တွေလည်း ပျက်စီး ခဲ့ရပါတယ်။

အခုလောလောဆယ်မှာတော့ အစိုးရဌာန အသီးသီး စုပေါင်းပြီး ပုဂံ ကို နယ်မြေ ၁၂ ခု ခွဲကာ အပျက်အစီး အဆုံးအရှုံးစာရင်းတွေ ကောက်ယူတာ၊ ယဉ်ကျေးမှု အမွေတွေ မပျောက် ပျက်အောင် ထိန်းသိမ်းတာတွေ လုပ် ဆောင်မယ်လို့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု ပြတိုက် ဉီးစီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် ပုဂံအပြင် စလေ ဘုရား ၉ ဆူ၊ စစ်ကိုင်း က ဘုရား ၇ ဆူ မြောက်ဉီး က ဘုရား ၃ ဆူ တို့လည်း ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ