မင်္ဂလာဒုံ လူသတ်မှု စုံစမ်းနေဆဲလို့ ရဲတပ်ဖွဲ့ပြော

  • 24 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် MOI
Image caption ရဲ ချုပ်၊ ရဲမှူးချုပ် တို့ကပါ ဒီအမှု ကို ဦးဆောင်ပြီး စုံစမ်း နေ

မင်္ဂလာဒုံ မြို့နယ်က လေးလောင်း ပြိုင် လူသတ်မှုနဲ့ ပတ်သတ်ပြီး သတင်းတွေ အမျိုးမျိုး ထွက်နေသလို လူသတ်တရားခံ ကိုလည်း ယခု အချိန်ထိ ဖမ်းဆီး နိုင်ခြင်း မရှိသေးပါဘူး။

တောင်ကြီးက သုံးလောင်း ပြိုင် လူသတ်မှု က လက်သည် တရားခံကိုတော့ ဖော်ထုတ်နိုင်ပြီလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြပါတယ်။

မင်္ဂလာဒုံ မြို့နယ်က လေးလောင်း ပြိုင် လူသတ်မှု နဲ့ ပတ်သက်ပြီး တရားခံ အမြန်ဆုံး ဖော်ထုတ် နိုင်မလားဆိုတာ လူတွေက စိတ်ဝင်စားနေကြပါတယ်။

လူသတ်မှု နဲ့ ပတ်သတ်ပြီး ရဲတပ်ဖွဲ့က ဖြစ်နိုင်တဲ့ အခြေအနေ တွေ ကို လေ့လာ စောင့်ကြည့်နေပြီး လူမှုကွန်ယက်မှာ ထွက်ပေါ်နေတဲ သတင်းတွေကိုလည်း စုံစမ်း နေပါတယ်။

မူးယစ်ဆေးဝါး စိတ်ကြွ ဆေးပြား ၆ သန်းနဲ့ ပတ်သတ်တယ် ဆိုတဲ့ မှန်းဆ ပြောကြားချက်တွေနဲ့ လိုင်စင်မဲ့ ကား ဖမ်းဆီးမှုမှာ ငွေကြေးယူထားလို့ ဆိုတဲ့ အချက် တွေကို ရဲတပ်ဖွဲ့ကငြင်းဆို ထားပါတယ်။

တရားခံ ဖမ်းဆီးနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးဆဲ ဖြစ်တယ်လို့ မြောက်ပိုင်းခရိုင် ရဲမှူး ဒုရဲမှူးကြီး စိုးဝင်း က ပြောပါတယ်။

ရဲတပ်ဖွဲ့ ဘက်ကလည်း ရနိုင်သမျှ သဲလွန်စတွေကို ရှာဖွေနေပြီး ရဲ ချုပ်၊ ရဲမှူးချုပ် တို့ကပါ ဒီအမှု ကို ဦးဆောင်ပြီး စုံစမ်း နေကြပါတယ်။

သဲလွန်စ အမျိုးမျိုး ကို ရဲ က စုံစမ်းနေသလို၊ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်တာနက် လူမှု ကွန်ယက်မှာထွက်ပေါ်ခဲ့တဲ့ လူသတ်မှု ဖြစ်တဲ့ အိမ်အနီး မှာ တွေ့ရတဲ့ လူသုံး ဦး ဓာတ်ပုံနဲ့ ပတ်သတ်ပြီး စုံစမ်း နေတယ်လို့ မိသားစု ဝင်တစ်ဦး ဖြစ်သူ ကိုဖြိုးမောင် က ပြောပါတယ်။

တောင်ကြီးနဲ့ ရန်ကုန် မင်္ဂလာဒုံ မြို့နယ်ထဲမှာ ကလေးငယ်တွေ အပါဝင် မိသားစု ဝင်တွေ အကုန်လုံး အသတ်ခံ ရတာတွေနဲ ပတ်သတ်လို့ လူတွေဘက်က စိုးရိမ်မှု တွေရှိ နေကြပါတယ်။

ရဲတပ်ဖွဲ့ ဘက် က လည်း လူသတ်မှုကို အပူတပြင်း စုံစမ်းမှု တွေလုပ်နေတယ်လို့ သိရပါတယ်။

တောင်ကြီးက လူသတ်မှု တရားခံ ကိုဖမ်းမိပြီ ဆိုပေမယ့် ရန်ကုန် မင်္ဂလာဒုံ မြို့နယ် ထဲက လူသတ်မှု ရဲ့ တရားခံ ကိုတော့ မမိသေးပါဘူး။

လေးလောင်းပြိုင် လူသတ်မှုဖြစ်စဉ် အပေါ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က လည်း အထူး စိတ်ဝင်စားနေပြီး လမ်းကြောင်း မလွဲဖို့ အတွက် လွှတ်တော်ဘက် ကပါ စောင့် ကြည့်သွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ