ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေ ဘန်ကီမွန်း ပြောမယ်

  • 25 ဩဂုတ် 2016
ban_assk_ ဓာတ်ပုံ မူပိုင် Getty
Image caption အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ညီလာ ခံလို့ ခေါ်တဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ ဘန်ကီမွန်း တက်ရောက် စကား ပြောမယ်။

လာမယ့် သီတင်း ပတ်ထဲမှာ ပြုလုပ်မယ့် ကုလ သမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ သီရိလင်္ကာနဲ့ မြန်မာ နိုင်ငံ ခရီး စဉ် အတွင်း ဖွံ့ဖြိုး တိုးတက်ရေးနဲ့ လူ့ အခွင့်အရေး တို့ အရေးကြီးပုံ ကို အသား ပေး ပြောကြား မှာ ဖြစ်တယ် ဆိုပြီး မစ္စတာ ဘန် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စတယ်ဖန် ဒူဂျာရိခ် ကို သတင်းတွေက ကိုးကား ဖော်ပြ နေပါတယ်။

မစ္စတာ ဘန်ဟာ လာမယ့် အင်္ဂါ နေ့ ဩဂုတ်လ ၃ဝ ရက် နေ့မှာ မြန်မာ နိုင်ငံကို ရောက်လာ မှာ ဖြစ်ပြီး၊ နောက် တစ်ရက် မှာတော့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ညီလာ ခံလို့ ခေါ်တဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ တက်ရောက် စကား ပြောဖို့ ရှိနေပါတယ်။

မစ္စတာ ဘန် မြန်မာနိုင်ငံမှာ ရှိစဉ်၊ သမ္မတ ဦးထင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံ သွားမှာ ဖြစ်သလို၊ နိုင်ငံရေးနဲ့ လူမှု အဖွဲ့အစည်း တွေက ကိုယ်စားလှယ် တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

ကုလသမဂ္ဂ အဖွဲ့ အကြီးအကဲ ဘန်ကီမွန်းဟာ မြန်မာ နိုင်ငံ ကနေ တဆင့် သီရိလင်္ကာ နိုင်ငံကို ခရီးဆက် မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ