သမ္မတ ပုဂံသွားကြည့်

  • 25 ဩဂုတ် 2016
quake ဓာတ်ပုံ မူပိုင် Reuters
Image caption ဘုရားစောင့်ရှောက်ဖို့ ရဲတွေချ

ငလျင် အပျက်အစီးတွေကို ကြည့်ရှု စစ်ဆေးဖို့ သမ္မတ ဦးထင်ကျော်နဲ့ အဖွဲ့ ပုဂံကို သွားရောက်ခဲ့ပါတယ်။

သီတဂူ ဆရာတော်လည်း ပုဂံကို ဒီမနက်ကပဲ သွားရောက်ပြီး ဘုရားတွေ ပြုပြင်ဖို့ ငွေလှူဒါန်း ခဲ့ပါတယ်။

ငလျင်ကြောင့် ပုဂံက ဘုရားပေါင်း ၁၈၇ ဆူ ထိခိုက်ပျက်စီးခဲ့တာကိုလည်း အလျင်စလို မပြုပြင်ဘဲ ယူနက်စကို နည်းပညာ အကူအညီနဲ့ သေချာ ပြုပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ဘုရားအပျက်အစီးတွေ ရှင်းလင်းဖို့ ရဲနဲ့ စစ်သားတွေလည်း ရောက်ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့က လှုပ်ခဲ့တဲ့ ငလျင် ဒဏ်ကြောင့် ရန်ကုန်- ကျောက်ဖြူ လမ်းပေါ်က လုံးတော်ပေါက် တံတား အောက်ခြေတိုင် ယိုင်သွားပြီး တံတားကွဲအက်သွားတဲ့ အတွက် ကားအသွားအလာ ယာယီ ရပ်ထားရတယ်လို့ သိရပါတယ်။

နောက် ရမ်းဗြဲက သမိုင်းဝင် ကိုယ်ရံတော်တောင် စေတီ ထီးတော်လည်း မြေခသွားသလို မြောက်ဦးမှာလည်း ရှေးဟောင်း ဘုရားသုံးဆူ ပြိုပျက်ခဲ့ပြီး ရှင်းလင်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ