လူ့အခွင့်အရေး လိုက်နာဖို့ မြန်မာ ခရီးစဉ် အကြိုနေ့မှာ ဘန်ကီမွန်း တိုက်တွန်း

_ban_assk_ ဓာတ်ပုံ မူပိုင် Getty
Image caption ၂၁ ရာစု ပင်လုံ ညီလာခံ မှာ တက်ရောက် စကား ပြောဖို့ မစ္စတာ ဘန် ဟာ မြန်မာ နိုင်ငံကို ဩဂုတ်လ ၃ဝ ရက် အင်္ဂါနေ့မှာ ရောက်လာမယ်။

မြန်မာ နိုင်ငံ အစိုးရသစ် အနေနဲ့ ခွဲခြား ဆက်ဆံမှု တွေ အပေါ် ကျော်လွှားပြီး လူ့ အခွင့် အရေး ကို အပြည့်အဝ လေးစား လိုက်နာမှု နဲ့ ယှဉ်တွဲတဲ့ တိုးတက် ဖွံ့ဖြိုးရေး ကို ဆောင်ရွက် ပါ လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက သူ့ရဲ့ မြန်မာ ခရီးစဉ် အကြို နေ့ ဩဂုတ်လ ၂၉ ရက် တနင်္လာနေ့ ကပဲ တိုက်တွန်း လိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ညီလာခံ မှာ တက်ရောက် စကား ပြောဖို့ မစ္စတာ ဘန် ဟာ မြန်မာ နိုင်ငံကို ဒီကနေ့ ဩဂုတ်လ ၃ဝ ရက် အင်္ဂါနေ့မှာ ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ် ရေးရာ အကြံပေး ကော်မရှင် တစ်ရပ် ကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဟောင်း ကိုဖီအာနန် ကို ဦးဆောင် စေပြီး မြန်မာ အစိုးရ က လတ်တလော ဖွဲ့စည်း ပေးလိုက်တဲ့ အပေါ် တိုးတက်မှု တစ်ရပ် အနေနဲ့ မစ္စတာ ဘန်က ကြိုဆို ခဲ့ ပါတယ်။

မစ္စတာ ဘန် ရဲ့ ခရီးစဉ် အတွင်း သမ္မတ ဦးထင်ကျော် နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့နဲ့လည်း တွေ့ဆုံ သွားဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ