၂၁ ရာစု ပင်လုံ အတွက် အပြီးသတ် အစည်းအဝေး

  • 29 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် moi
Image caption အစု အဖွဲ့ ၃ ခု ပေါင်းပြီး ကျင်းပတဲ့ နောက်ဆုံး အစည်း အဝေး လည်း ဖြစ်ပါတယ်

၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေး ပူးတွဲ ကော်မတီရဲ့ အပြီးသတ် အစည်း အဝေးကို တနင်္လာနေ့က နေပြည်တော် မှာ ကျင်းပခဲ့ပါတယ်။

အစိုးရ တိုင်းရင်းသား လက်နက်ကိုင် နဲ့ နိုင်ငံရေးပါ တီများ အစု အဖွဲ့ ၃ ခု ပေါင်းပြီး ကျင်းပ တဲ့ နောက်ဆုံး အစည်း အဝေး လည်း ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ နိုင်ငံရေးပါတီ ဘက်က တောင်းဆို မူတွေ ရှိခဲ့ သလို အဆင် မပြေမူ တွေလဲ ရှိခဲ့ ပါတယ်။

အစည်း အဝေးမှာ ထူးခြားတာ ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တွေရဲ့ ခေါင်းဆောင် နာမည်တွေ ရှေ့ မှာ သူတို့ စစ်ဖက် ဆိုင်ရာ ရာထူး တွေကို ဖော်ပြ ထားခြင်း မရှိတာ ဖြစ်ပါတယ်။

ဥပမာ အားဖြင့် ဒီကနေ့အစည်း အဝေး ကိုတက်လာတဲ့ KIO ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် ဂွမ်မော် နေရာမှာ ဂွမ်မော်လို့ ပဲရေးထား သလို ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ကိုယ်စားပြု တက်လာတဲ့ ဗိုလ်ချုပ် စိုင်းထူး နာမည် မှာလဲ စိုင်းထူး လို့ပဲ ရေးထားတာ တွေ့ရပါတယ်။

ဒီလို မဖော်ပြ တာဟာ မြန်မာ့ တပ်မတော် ဘက်က မဖော်ပြခိုင်း တာလို့ သိရပါတယ်။

ဒါအပြင် ညီလာခံ အဖွင့်ပွဲ မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ နိုင်ငံရေး ပါတီတွေက ၂ ဦး မိန့်ခွန်း ပြောဖို့ တောင်းဆို ပေမဲ့ အဆင်မပြေ ခဲ့ဘူးလို့ အစည်း အဝေးကို တက်ရောက် ခဲ့တဲ့ ကျားခေါင်း ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့် က ပြောပါ တယ်။

အစိုးရ ဘက်က အားလုံး ပါဝင်ရေး မူကို လက်ခံ ပေမဲ့လည်း လက်တွေ့ မှာတော့ ညီလာခံမှာ မဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ ရခိုင့် တပ်မတော် AA၊ တအာန်း ပလောင် တပ်ဖွဲ့TNLA နဲ့ ကိုးကန့် အဖွဲ့တို့ တက်ရောက် နိုင်မယ့် အခြေအနေ မရှိပါ။

ရွေးကောက်ပွဲမှာ အနိုင် မရတဲ့ ပါတီတွေ အာလုံးလည်း ညီလာခံကို တက်ခွင့် ရမှာ မဟုတ်ပါ။

အခု လိုမျိုး အခြေ အနေ တွေ ရှိခဲ့တဲ့ အတွက် ဩဂုတ်လ ၃၁ ရက် နေ့မှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဟာ အနှစ်သာရ ရှိတဲ့ ညီလာ တစ်ခု ဖြစ်လာ ပါ့မလား ဆိုပြီး ပြောဆို မှုတွေ ရှိနေပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံကို ဩဂုတ်လ ၃၁ ရက်နေ့ ကနေ ၄ ရက် နေ့ထိ ကျင်းပမှာ ဖြစ်ပြီး ညီလာခံ တက်ရောက်မယ့် တိုင်းရင်းသား ကိုယ်စားလှယ်အချို့ဟာ နေပြည်တော်ကို ရောက်ရှိ နေပါပြီ ဖြစ်ပါတယ်။

ညီလာခံ တက်ဖို့ ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့ ဖြစ်တဲ့ SSPP/SSA ခေါင်းဆောင်တွေ နေပြည်တော် ရောက်နေ ချိန်မှာပဲ ဩဂုတ်၂၈ ညနေပိုင်းက SSA တပ် စခန်းတွေ ရှိရာကို အစိုးရ တပ်မတော် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (လားရှိုး) ရမခ လက်အောက် ခလရ ၃၃ လက်အောက်ခံ တပ်ရင်း ၃ရင်းက လာရောက် တိုက်ခိုက် ခဲ့လို့ တိုက်ပွဲ တွေ ဖြစ်ခဲ့ ပါသေးတယ်။

နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K) အဖွဲ့ ကတော့ အခု ကျင်းပ မယ့် (၂၁)ရာစု ပင်လုံ ညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ တနင်္လာနေ့ မှာပဲ ဆုံးဖြတ်လိုက် ပါတယ်။

ဆက်စပ် အကြောင်းအရာများ