၂၁ ရာစု ပင်လုံ ညီလာခံ ဒီကနေ့ စပြီ

_21_century_panglong_conference_myanmar_
Image caption ငြိမ်းချမ်းရေး ညီလာခံ မှာ အဖွဲ့ တွေ တတ် နိုင် သလောက် များများ တက်နိုင်အောင် လုပ် ဆောင် ပေး ထားတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော။

မြန်မာ နိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ရည်ရွယ် ကျင်းပ တဲ့ ၂၁ ရာစု ပင်လုံ ညီလာ ခံ နေပြည်တော်မှာ ဩဂုတ်လ ၃၁ ရက်နေ့ ဒီကနေ့ စတင် တော့မှာ ဖြစ်ပါတယ်။

မြန်မာ အစိုးရကို လက်တွေ့ အရ ဦးဆောင်မှု ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် က သူ ကမကထ လုပ် ကျင်းပ တာ ဖြစ်တဲ့ ငြိမ်းချမ်းရေး ညီလာခံ မှာ အဖွဲ့ တွေ တတ် နိုင် သလောက် များများ တက်နိုင်အောင် လုပ် ဆောင် ပေး ထားတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ လို့ ခေါ်တဲ့ ရခိုင် လက်နက်ကိုင် AA၊ ကိုးကန့်တပ် MNDAA နဲ့ တအာင်း TNLA အဖွဲ့ တွေ တော့ အခု ညီလာ ခံကို တက်ရောက် မှာ မဟုတ်တဲ့ အတွက် အားလုံး ပါဝင် ရေး ရည်မှန်း ချက် မပြည့် မီနိုင် ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အခု ညီလာခံ ကနေ တဆင့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေ အထိ ဆက်သွားမှာ ဖြစ်တဲ့ အတွက် ဒီ အဖွဲ့ ၃ ဖွဲ့ ကိစ္စ ဆက်လက် ပြောဆို နိုင်ဦး ဖို့ အခွင့် အရေး တွေ ရှိနေ သေးတယ် လို့ တိုင်းရင်းသား လက်နက်ကိုင် တပ် တချို့ က ဆိုပါတယ်။

ဒီ ကနေ့ ညီလာ ခံ အဖွင့်မှာ တက်ရောက် စကား ပြောမယ့် ကုလ သမဂွ အတွင်းရေးမှုး ချုပ် ဘန်ကီမွန်း က လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါဝင် ကြသူတိုင်း စိတ်ရှည် ကြဖို့ တိုက်တွန်း နေပါတယ်။

အခုလို ၂၁ ရာစု ပင်လုံ ညီလာခံ ကို မစ္စတာ ဘဲန် တက်ရောက် တာ ကို ကြည့်ရင် မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် နိုင်ငံတကာ က အခိုင်အမာ ထောက်ခံ အားပေးတာ ကို ပြသ တာပဲ လို့ သုံးသပ် မှု တွေ ရှိပါတယ်။

မြန်မာ နိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ် ရေးနဲ့ ငြိမ်းချမ်းရေး တို့ အတွက် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပ လာနိုင်တာ ဟာ အရေးကြီးတဲ့ မှတ်တိုင် တစ်ရပ် ပဲ လို့ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ က ပြောပါတယ်။

အခု ညီလာခံ မှာ ပါဝင် ကြမယ့် တနိုင်ငံ လုံး အပစ်ရပ် သဘောတူ စာချုပ် ထဲ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့တွေ ရော၊ မထိုး သေးတဲ့ အဖွဲ့တွေ ပါ ငြိမ်းချမ်းတဲ့ အနာဂတ် ကို မျှော်ရည် ပြီး အပြု သဘော၊ တိုးတက်မှုကို ရှေ့ရှုတဲ့ စိတ်ဓာတ် တွေ နဲ့ အတူတကွ လက်တွဲ ဆောင် ရွက် ကြပါ ဆိုပြီး တော့လည်း အီးယူ အဖွဲ့က တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ