ပင်လုံ ညီလာခံ အစည်းအဝေးတွေ ဒီနေ့ စတင်မယ်

  • 31 ဩဂုတ် 2016
peace_conference_pinlon
Image caption ရှေ့ဆက် ဖြစ်ပေါ် လာမယ့် နိုင်ငံရေး ဆွေးနွေး ပွဲ တွေဟာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ကို အခြေခံ မယ်။

၂၁ ရာစု ပင်လုံ ညီလာခံ ဖွင့်ပွဲ ကျင်းပ ခဲ့ပြီး နောက်တစ်ရက် ဒီကနေ့ စက်တင်ဘာလ ၁ ရက် နေ့ က စလို့ ပါဝင် တက်ရောက်ကြတဲ့ အစု အဖွဲ့တွေ ရဲ့ အစည်းအဝေးတွေ စတင် ပြုလုပ် တော့မှာ ဖြစ်ပါတယ်။

ဒီညီလာခံ ဟာ နိုင်ငံရေး ပြဿနာ တွေကို ဆွေးနွေး ပွဲ ကနေ အဖြေ ရှာ နိုင်ဖို့ ငြိမ်းချမ်းရေး လမ်း ကို စတင် လျှောက် လှမ်း လာတာ ဖြစ်ပြီး နိုင်ငံတကာ ကလည်း စောင့်ကြည့် နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က မနေ့က အဖွင့် မိန့်ခွန်း ထဲ ထည့်သွင်း ပြောကြား ခဲ့ ပါတယ်။

ရှေ့ဆက် ဖြစ်ပေါ် လာမယ့် နိုင်ငံရေး ဆွေးနွေး ပွဲ တွေဟာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ကို အခြေခံ မှာ ဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည် က ပြော ခဲ့ပါတယ်။

ဒါပေမယ့် NCA ထဲလည်း ပါဝင်ခွင့်မရ၊ အခု ပင်လုံ ညီလာခံ မှာလည်း မတက်ရောက် ကြတဲ့ လက်နက်ကိုင် အဖွဲ့ တွေ တော့ ရှိနေပါတယ်။

ဒါ့အပြင် ကချင်နဲ့ ရှမ်းပြည်နယ် တချို့ ဒေသတွေမှာ လောလောလတ်လတ် တိုက်ပွဲ တွေ ရှိ နေသေးတဲ့ အခြေအနေ အပေါ် အဖြေ ထုတ်ရ ခက်နေပြီး၊ အစိုးရ စစ်တပ်ရဲ့ ရည်ရွယ်ချက် အစစ်အမှန် ကို မသိဘူး လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ဘီဘီစီကို ပြောပါတယ်။

NCA မှာ လက်မှတ် မရေးထိုးရ သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေပါ ၂၁ ရာစု ပင်လုံ ညီလာခံ ထဲ ပါဝင် ခွင့် ရှိလာတာကို ကြည့်ရင် အစိုးရနဲ့ တပ်မတော် ဘက်က သဘောထား ပျော့ပြောင်းပြီး လိုက်လျော မှု တွေ လုပ် ပေးခဲ့တာကို သိသာ စေတယ် လို့ ညီလာခံ ပြင်ဆင်ရေး ကော်မတီ ဝင် တစ်ဦး ကတော့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ