ကိုဖီအာနန် မြန်မာ နိုင်ငံကို ရှေ့အပတ် ရောက်မယ်

  • 1 စက်တင်ဘာ 2016
Image caption အေအန်ပီ ကတော့ ကော်မရှင်မှာ ကိုဖီအာနန် အပါအဝင် နိုင်ငံခြားသား ၃ ဦး ပါတာကို ကန့်ကွက်

ကုသမဂ္ဂ အတွင်းရေးမူးချုပ် ဟောင်း ကိုဖီအာနန် မြန်မာ နိုင်ငံကို ရှေ့တစ်ပတ် အတွင်း လာမှာ ဖြစ်ပြီး သူဟာ ရခိုင် ပြည်နယ်ကို သွားဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ အပတ် နိုင်ငံတော် အတိုင်ပင်ခံ ရုံးက ဖွဲ့စည်း လိုက်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် မှာ ဥက္ကဌ အဖြစ် တာဝန် ပေးခံ ရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း နိုဗဲလ် ဆုရှင် ကိုဖီအာနန် ဟာ မြန်မာ နိုင်ငံ ကို စက်တင်ဘာလ ပထမပတ် အတွင်း လာဖို့ ရှိနေ တာပါ။

မစ္စတာ ကိုဖီအာနန် ဟာ ပဋိပက္ခ ဖြေရှင်းရေး သူ့ရဲ့ အတွေ့ အကြုံ တွေကို မျှဝေ နိုင်မှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင် က ပြောပါတယ်။

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် မှာ ကိုဖီအာနန် နဲ့ နိုင်ငံခြားသား သုံးဦး ပါဝင် မှုကို ရခိုင် အမျိုးသား ပါတီ က လွှတ်တော်မှာ အရေးပေါ် အဆိုတင် ကန့်ကွတ် ခဲ့တဲ့ ဖြစ်ပါတယ်။

ရခိုင်လူမျိုးတွေ ဘက်ကတော့ ရခိုင် ပြည်နယ် အရေးကို ပြည်တွင်း တတ်သိ သူတွေ ခန့်အပ်ဖို့ ပြောသလို စစ်တွေ အနီး ဒုက္ခသည် စခန်းက ဒုက္ခသည်တွေ ကလည်း သူတို့ အကြောင်း နားလည်တဲ့ သူတွေ ပါဝင် သင့်တယ် လို့လည်း ပြောပါတယ်။

ကုသမဂ္ဂ အတွင်းရေးမူးချုပ်ဟောင်း ကိုဖီအာနန် ပါဝင်တဲ့ ဒီကော်မရှင်ဟာ ကော်မရှင် တည်ထောင်ပြီး ၁၂ လ အတွင်း နိုင်ငံတော် အတိုင် ပင်ခံ ပုဂ္ဂိုလ်ကို တင်ပြရမှာ ဖြစ်ပြီး တော့ ဒီစီရင်ခံ စာကို အများ သိအောင် ထုတ်ပြန် သွားမယ် လို့လည်း အစိုးရ ဘက်က ပြောထား ပါတယ်။

ဆက်စပ် အကြောင်းအရာများ