အာဆီယံ ထိပ်သီး အစည်းအဝေး တက်ဖို့ ဒေါ်အောင်ဆန်းစုကြည် လာအိုကို ဒီနေ့ သွားမယ်

  • 5 စက်တင်ဘာ 2016
dassk_asean_fm_meeting
Image caption ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေး ဝန်ကြီး တာဝန်နဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို လာအိုမှာ တက်ရောက်ခဲ့စဉ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အာဆီယံ ထိပ်သီး အစည်း အဝေး တွေ နဲ့ တခြား ဆက်စပ် အစည်း အဝေး တွေ ကို တက်ရောက်ဖို့ လာအို နိုင်ငံ ဗီယက်ကျင်း မြို့တော် ကို ဒီ ကနေ့ စက်တင်ဘာ ၆ ရက် အင်္ဂါ နေ့ မှာ ထွက်ခွာဖို့ ရှိ နေပါတယ်။

အာဆီ ယံ နိုင်ငံ ခေါင်းဆောင် တွေ တွေ့ဆုံ ကြမှာ ဖြစ်သလို တခြား ဆွေးနွေး ဘက် နိုင်ငံ တွေ ဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ဂျပန် ၊ အိန္ဒိယ နဲ့ ဩစတြေးလျ တို့နဲ့လည်း တွေ့ဆုံ ဖို့ ရှိနေတဲ့ အပြင်၊ အရှေ့ အာရှ ထိပ်သီး အစည်းအဝေးလည်း တဆက်တစပ်တည်း ကျင်းပကြမှာ ဖြစ်ပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံ တချို့နဲ့ တရုတ် အကြား တောင်တရုတ် ပင်လယ်တွင်း ဖြစ်ပေါ် နေတဲ့ ပိုင်နက် အငြင်းပွားမှုမှာ အင်အား မသုံးပဲ ပြေပြေလည်လည် အဖြေရှာဖို့ မြန်မာ နိုင်ငံရဲ့ ရပ်တည် ချက် အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆွေးနွေး နိုင်တယ် ဆိုပြီး နိုင်ငံခြားရေး ဝန်ကြီး ဌာနရဲ့ ပြောခွင့်ရ ဦးကျော်ဇေယျ က ဘီဘီစီ ကို ပြောပါတယ်။

အာဆီယံ ထိပ်သီး အစည်းအဝေး တွေမှာ ဒေသတွင်းနဲ့ နိုင်ငံ တကာ ပြဿနာ တွေမှာ တနိုင်ငံချင်းဆီ အလိုက် စိတ်ဝင်စားမှု တွေ နဲ့ စိုးရိမ် ပူပန် ချက် တွေ အပေါ် ဆွေးနွေး ကြမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာန က ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လာအို နိုင်ငံ ခရီးစဉ် ကနေ ပြန်ရောက် လာရင် တော့ အမေရိကန် ပြည်ထောင်စု ကို သွားရောက်ဖို့ ဆက်လက် ပြင်ဆင် ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ