WHO က ဇီကာ လမ်းညွှန်ချက်သစ် ထုတ်ပြန်

  • 7 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ခြင်ကနေ စတင် ဖြစ်ပွားတဲ့ ဇီကာပိုးဟာ လိင်ဆက်ဆံမှုကနေ ကူးစက်နိုင်တယ်လို့ သတိပေးထား

WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ဇီကာ ရောဂါပိုး ကူးစက် ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို သွားခဲ့သူတွေအတွက် သူတို့ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်ကို ပြင်ဆင်ဖြည့်စွက်လိုက်ပါတယ်။

အခု လမ်းညွှန်ချက်သစ်ထဲမှာ အဲဒီ နေရာတွေကနေ ပြန်လာတဲ့ အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ ဇီကာ ရောဂါပိုး ကူးစက်ခံရတဲ့ လက္ခဏာတွေ ရှိရှိ မရှိရှိ၊ ကလေးယူဖို့ ကြိုးစားနေတာပဲ ဖြစ်ဖြစ် လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးပြီး လိင်ဆက်ဆံဖို့၊ ဒါမှမဟုတ် ၆လလောက် လိင်ဆက်ဆံမှု မပြုဖို့ အကြံပြုထားပါတယ်။

ဦးဏှောက် ဖွံ့ဖြိုးမှု နှောင့်နှေးတဲ့ ကလေးငယ်တွေ မွေးလာစေနိုင်တဲ့ ဇီကာ ဗိုင်းရပ်ပိုးဟာ ကနဦးက ခြင်ကနေ ပြန့်ပွားတာ ဖြစ်ပေမယ့် လိင်ဆက်ဆံမှုကနေ တဆင့် ကူးစက်နိုင်တယ် ဆိုတဲ့ အထောက်အထားတွေ ပိုခိုင်မာလာနေပါတယ်။