ရန်ကုန်မှာ နိုင်ငံခြားသားတွေ တရားမ၀င် အလုပ်လုပ်

  • 8 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတွေကို နိုင်ငံခြားသား အများအပြား တရားမဝင် လုပ်နေတယ်လို့ ဆို

ရန်ကုန်တိုင်းအတွင်းမှာ ဥပဒေနဲ့ မညီပဲ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် နေတဲ့ နိုင်ငံခြားသားတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

စည်ပင်လိုင်စင် မရှိ၊ တရားဝင် ဝင်ငွေခွန် ဆောင်တာမျိုး မရှိပဲ ရန်ကုန်တိုင်းအတွင်းမှာ အဝတ်အထည် စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေ ဖွင့်တာတွေ လုပ်နေပြီး အိမ်နီးချင်း နိုင်ငံကြီးတခုက အများဆုံး ဖြစ်တယ်လို့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ တိုင်းလွှတ်တော်အမတ် ဦးဝင်းမောင်က ဘီဘီစီကို ပြောပါတယ်။

အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတွေမှာလည်း တရားမဝင် နိုင်ငံခြားသားတွေ အများအပြား လုပ်ကိုင်နေကြပြီး ရန်ကုန်တိုင်းအတွင်းမှာ တရာကျော်လောက်တောင် ရှိမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲကို မှန်မှန်ကန်ကန် ဗီဇာနဲ့ ဝင်လာသူတွေ ရှိသလို အလည်အပတ်သဘောမျိုးနဲ့ ဝင်လာသူတွေ၊ နယ်စပ်ကနေ ဝင်လာပြီး အလုပ်လုပ်နေသူလည်း ရှိတယ်လို့ သူက ပြောပါတယ်။