ဒေါ်စု ဗြိတိန်နဲ့ အမေရိကန် ခရီးစဉ်စ။

  • 10 စက်တင်ဘာ 2016
suu ဓာတ်ပုံ မူပိုင် Reuters
Image caption အာဆီယံ ဆွေးနွေးပွဲက ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ ဗြိတိန်နဲ့ အမေရိကန် ၂ ပတ်ကြာ ခရီးကို စနေနေ့ မနက်က စတင်လိုက်ပါတယ်။

ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဆာ မေ၊ အမေရိကန်သမ္မတ အိုဘားမား၊ နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့နဲ့ တွေ့ဖို့ ရှိတယ်လို့ သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

သီတင်း(၂)ပတ်ကျော် ကြာမြင့်မယ့် ဒီခရီးစဉ်မှာ အဦးဆုံး အနေနဲ့ ဗြိတိန်နိုင်ငံမှာ (၃)ရက်ကြာ နေမှာ ဖြစ်ပြီး ဒီနောက်တော့ အမေရိကန် ပြည်ထောင်စုကို ဆက်သွားမှာပါ။

နယူးယောက်မှာတော့ ကုလသမဂ္ဂ ဌာနချုပ် ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချ နေထိုင်သူများ ဆိုင်ရာ အဆင့်မြင့် အရာရှိများ ဆွေးနွေးပွဲနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ နိုင်ငံ့ အကြီးအကဲ အဖြစ် ပထမဆုံးအကြိမ် မိန့်ခွန်း ပြောဖို့လည်း ရှိနေပါတယ်။

ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်မှာ အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေးလို ပြည်တွင်းရေး ကိစ္စတွေ အပြင် အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုဝင်ရောက်ရေး ဆွေးနွေးနိုင်ဖို့ အများက မျှော်လင့် နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ