ဗိုလ်စိန်မှန်ကွင်းမှာ သတင်းသမားတွေ ရန်မူခံရ

  • 12 စက်တင်ဘာ 2016
_boseinmhan_journalist_
Image caption ရခိုင် ပြည်နယ်ရေးရာ အကြံပေး ကော်မရှင် အပေါ် ကန့်ကွက် ကြတဲ့ ဆန္ဒပြပွဲ မှာ ဒေသခံ တွေနဲ့ ဆန္ဒပြ သမားတွေ ကြား ထိပ်တိုက် တွေ့ခဲ့။

ရန်ကုန်မြို့ ဗိုလ်စိန်မှန် ကွင်းမှာ စက်တင်ဘာ ၁၁ ရက် တနင်္ဂနွေ နေ့က ပြုလုပ် ခဲ့တဲ့ ဆန္ဒပြ ပွဲ သတင်းကို ယူ ဖို့ သွားခဲ့တဲ့ သတင်းထောက် တွေ ကို ခြိမ်းခြောက် ရန်လုပ် တာတွေ၊ ကိုယ်ထိ လက်ရောက် ကျူးလွန် တာ တွေ ရှိ ခဲ့ရတယ် လို့ မြန်မာ စာနယ်ဇင်း ကွန်ရက် MJN က ပြောပါတယ်။

ကိုယ်ထိ လက်ရောက် ထိုးနှက် ခံခဲ့ရသူ ဓာတ်ပုံ သတင်းထောက် တစ်ယောက် ဖြစ်တဲ့ ကိုမြတ်သူကျော်က ဗဟန်း ရဲ စခန်းမှာ တိုက်ချက် ဖွင့် ထားတယ်လို့လည်း ဆိုပါတယ်။

အဲဒီ့ ကိစ္စနဲ့ ပတ်သက်ပြီး MJN အဖွဲ့က သူတို့ရဲ့ ရုံးခန်းမှာ တနင်္လာနေ့ နေ့လယ်ပိုင်း သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ်လို့လည်း ဘီဘီစီ ကို ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ်ရေးရာ အကြံပေး ကော်မရှင် အပေါ် ကန့်ကွက် ကြတဲ့ ဆန္ဒပြပွဲ မှာ ဒေသခံ တွေနဲ့ ဆန္ဒပြ သမားတွေ ကြား ထိပ်တိုက် တွေ့ခဲ့ကြပြီး ရုန်းရင်းဆန်ခတ် မှုတွေ ပေါ်ပေါက် ခဲ့တာပါ။

သတင်းသမားတွေ ဓာတ်ပုံ ရိုက်ကူး ထားတာကို မလိုလားတဲ့ ဆန္ဒပြသမား တချို့က ကင်မရာ ထဲက မင်မိုရီကတ်လို့ ခေါ်တဲ့ ဓာတ်ပုံတွေ သိမ်းဆည်းထားရာ အလက်ထရောနစ် မှတ်ဉာဏ် ကတ်ပြားကို ပေးဖို့ အတင်းအကြပ် တောင်းဆိုတာ မျိုး ပြုလုပ် ခဲ့တယ်လို့ ရန်ကုန်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ