ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးချုပ်မေနဲ့ မတွေ့ခင် ကာကွယ်ရေး ဆိုင်ရာ တော်ဝင် ကောလိပ်ကို သွားမယ်

  • 12 စက်တင်ဘာ 2016
dassk_uk_visit_pm_may_
Image caption လန်ဒန်မြို့ Belgravia အရပ်မှာ ရှိတဲ့ ကာကွယ်ရေး ဆိုင်ရာ လေ့လာရေး တော်ဝင် ကောလိပ်

ဗြိတိန် နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာအမှတ် ၁ဝ ဒေါင်းနင်းလမ်း ဗြိတိသျှ ဝန်ကြီးချုပ် နေအိမ်မှာ ဝန်ကြီး ချုပ် ထရီဇာ မေ နဲ့ ဒီကနေ့ စက်တင်ဘာ ၁၂ ရက် နေ့ မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဒါဟာ နှစ်နိုင်ငံ အစိုးရ တွေကို ဦးဆောင်မှု ပေးတဲ့ တာဝန် တွေ ရယူ အသီးသီး ရယူ လာပြီးတဲ့ နောက် အမျိုးသမီး ခေါင်းဆောင် နှစ်ယောက် ပထမဆုံး အကြိမ် တွေ့ဆုံ ကြမှာပါ။

ဗြိတိန် အနေနဲ့ မြန်မာ နိုင်ငံ အပေါ် ထားရှိတဲ့ နီးနီးကပ်ကပ် အလေးထား ဆက်ဆံ ရေးဟာ ဝန်ကြီးချုပ် ထရီဇာမေ လက်ထက် ဆက်လက် တည်ရှိ သွားနိုင်တယ်လို့ ဥရောပ ကော်မရှင်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူးအကြံပေး ဆာရောဘတ် ကူးပါး က ဘီဘီစီ ကို ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ဟာ ဝန်ကြီးချုပ် မေနဲ့ မတွေ့ဆုံခင် အစောပိုင်းမှာတော့ လန်ဒန်မြို့၊ Belgravia အရပ်မှာ ရှိတဲ့ ကာကွယ်ရေး ဆိုင်ရာ လေ့လာရေး တော်ဝင် ကောလိပ် RCDS ကို သွားရောက်ဖို့ စီစဉ် ထားပါတယ်။

အဲဒီ့ ကျောင်းဟာ နိုင်ငံတကာ ကာကွယ်ရေး ဆိုင်ရာ စီမံခန့်ခွဲမှု နဲ့ ခေါင်းဆောင်မှု ဘာသာရပ် တွေ ကို ဘွဲ့လွန် အဆင့် ပို့ချ ပေးနေတဲ့ နာမည်ကျော် သင်တန်းကျောင်း ဖြစ်ပြီး၊ ထိပ်တန်း အရပ်ဘက် စစ်ဘက် ခေါင်းဆောင် ရာထူး နေရာ တွေ ကို တာဝန် ယူနိုင် အောင် လေ့ကျင့် သင်ကြား ပေးတဲ့ နေရာ ဖြစ်ပါတယ်။

အဲဒီ့ တော်ဝင် ကောလိပ်မှာ မြန်မာ နိုင်ငံက စစ်ဘက် အရပ်ဘက်က ပုဂ္ဂိုလ် တချို့လည်း လက်ရှိ တက်ရောက် နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ဗြိတိန်မှာ ၃ ရက်ကြာ နေပြီး တဲ့ အခါမှာတော့ အမေရိကန် ပြည်ထောင်စုကို ခရီးဆက်မှာ ဖြစ်ပြီး၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ မိန့်ခွန်း ပြောကြား မှာ ဖြစ်သလို သမ္မတ အိုဘားမား နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ