ရခိုင်အကြံပေး ကော်မရှင်ကို ပြည်နယ် လွှတ်တော် အသိအမှတ် မပြု

  • 14 စက်တင်ဘာ 2016
Rakhine Advisory Commission ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်အရေး အကြံပေးကော်မရှင်မှာ နိုင်ငံခြားက ပညာရှင်တွေ ပါဝင်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို အသိအမှတ် မပြုကြောင်း ရခိုင်ပြည်နယ် လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုကို စက်တင်ဘာလ ၁၄ ရက်နေ့က ဆွေးနွေးပြီး ကန့်ကွက်သူမရှိ ထောက်ခံလိုက်ကြ ပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေမြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦး တင်သွင်းခဲ့တဲ့ အဆိုကို ထောက်ခံ ဆွေးနွေးသူ လွှတ်တော် ကိုယ်စားလှယ် ၁၅ ယောက်ထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ် တစ်ယောက်နဲ့ တပ်မတော် ကိုယ်စားလှယ် တစ်ယောက်တို့ ပါဝင် ပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၄၇ ဦး ရှိတဲ့ အထဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ကိုယ်စားလှယ်တချို့လည်း ပါဝင် ပါတယ်။

ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက ဒီအဆိုကို ကန့်ကွက်လိုသူ ရှိမရှိ မေးမြန်းရာမှာ လွှတ်တော် ကိုယ်စားလှယ် အားလုံးက သဘောတူကြောင်း ဖြေကြတယ်လို့ ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။

ပြည်နယ် အစိုးရရဲ့ သဘောထား မှတ်ချက်ပေးဖို့ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက ပြောချိန်မှာလည်း ပြည်နယ်အဆင့် အစိုးရ တာဝန်ရှိသူတွေ လွှတ်တော်တွင်းမှာ မရှိကြဘူးလို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသား ပညာရှင်တွေ ပါဝင်နေတာကို ကန့်ကွက်တဲ့ အဆို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပြီး ရခိုင်ပြည်နယ် လွှတ်တော်မှာတော့ အနိုင်ရခဲ့တဲ့ အတွက် ဥပဒေကြောင်းအရ ဘယ်လို ဖြစ်လာမလဲဆိုတာ အထူးစိတ်ဝင်စားမှုတွေ ရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ