နိုင်ငံရေးစနစ် အောင်မြင်မှ စီးပွားရေး အောင်မြင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

  • 16 စက်တင်ဘာ 2016
dassk_us_
Image caption ပိတ်ဆို့မှု တွေ ရုပ်သိမ်းချိန် ရောက်ပြီ လို့ ဆုံးဖြတ် ခဲ့ကြောင်း ဒေါ် အောင်ဆန်းစုကြည်ပြော။

နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ အလုပ်ဖြစ် အောင်မြင်ဖို့ အများပြည်သူ ရဲ့ စီးပွားရေး ဆိုင်ရာ လိုလား တောင့်တချက် တွေကို လည်း ဖြည့်ဆည်း ပေးရလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ် အတွင်း ပြောကြား လိုက်ပါတယ်။

အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီနဲ့ အမေရိကန် ကုန်သွယ်ရေး အသင်း တို့က တည်ခင်း ဧည့်ခံတဲ့ ညစာ စားပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က အဲဒီလို ပြောခဲ့တာပါ။

မြန်မာ ပြည်သူ တွေ ရဲ့ အခွင့်အရေးကို မလေးစားပဲ ဒီမို ကရေစီ ဖော်ဆောင် ဖို့ရာ စိတ်မဝင် စားကြတဲ့ အုပ်ချုပ် သူတွေ အပေါ် ပိတ်ဆို့ မှု တွေ လုပ်ဆောင်ဖို့ အမေရိကန် လွှတ်တော် ထဲ က မိတ်ဆွေ ကောင်း တွေက ကြိုး စား ခဲ့ကြ တယ် လို့ ဒေါ် အောင်ဆန်းစုကြည် က ပြန်ပြောင်း ပြောပါတယ်။

ဒါပေမယ့် လည်း အခု အချိန် အခါ မှာတော့ မြန်မာ ပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် မှီခို အားထားပြီး ရှေ့ဆက် သွားနိုင်ဖို့ အတွက် ပိတ်ဆို့မှု တွေ ရုပ်သိမ်းချိန် ရောက်ပြီ လို့ ဆုံးဖြတ် ခဲ့ကြောင်း ဒေါ် အောင်ဆန်းစုကြည် က ဆိုပါတယ်။

ဒီမိုကရေစီ ဆိုတာ စကားလုံး သက်သက် အားဖြင့် မဟုတ်ပဲ၊ ဘဝ နေနည်းပုံစံ ဖြစ်ပြီး ဘဝ တွေ လုံခြုံ အာမခံ ချက် ရှိဖို့ နဲ့ စီးပွားရေး ဆိုင် ပြည့်စုံ ကုံလုံ ကြွယ်ဝ တဲ့ ဘဝမျိုးတွေ ဖန်တီး တည်ဆောက် နိုင်ခွင့် တွေ ရှိလာဖို့ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ဆက်ပြောပါတယ်။

နိုင်ငံရေး နဲ့ စီးပွားရေး ဆိုတာ ခွဲခြား ပစ်လို့ မရ နိုင်ပဲ နိုင်ငံရေး စနစ် အောင် မြင် မှပဲ စီးပွားရေးလည်း အောင် မြင် နိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က မီးမောင်းထိုး ပြောခဲ့ပါတယ်။

ဒါ့ကြောင့် မိတ်ဆွေ တွေ အားလုံးကို မြန်မာ့ နိုင်ငံရေး ရော စီးပွားရေး ရော အောင်မြင်အောင် ဆက်လက် အကူအညီ တွေ ပေးကြပါ ဆိုပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည် က တိုက် တွန်း သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ