အမေရိကန် ပိတ်ပင်မှုတွေ ဖယ်ရှားမှာကို မြန်မာ စီးပွားရေး အသိုင်းအဝိုင်း ကြိုဆို

_burma_bank ဓာတ်ပုံ မူပိုင် AFP
Image caption သွင်းကုန် ထွက်ကုန် ပိုင်း မှာ သာမက ဘဏ် စနစ် ဖွံ့ ဖြိုးမှာမျိုးလို အကျိုး ကျေးဇူးတွေ ရှိလာနိုင်။

မြန်မာ နိုင်ငံ အပေါ် စီးပွားရေး ပိတ်ပင် ကန့်သန့်မှု တွေ ရုတ်သိမ်း ပေးပြီး၊ ကုန်သွယ်ရေး အရ အထူး ခံစားခွင့်တွေ ပြန်လည် ပေးမယ် ဆိုတဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ကြေညာချက် အပေါ် မြန်မာ စီးပွားရေး လုပ်ငန်းရှင် တွေ ကြိုဆို နေကြတယ် ဆိုပြီး ရန်ကုန်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိမ်ဖြူတော် မှာ တွေ့ဆုံ ဆွေးနွေး ကြရင်းသား အခုလို စီးပွားရေး ပိတ်ဆို့ ကန့်သတ်မှု တွေ ဖယ်ရှား ပေးမယ်လို့ သမ္မတ အိုးဘားမား က ထုတ်ပြော လာတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ လက်ကျန် ပိတ်ဆို့ မှုတွေ အားလုံး ဖယ်ရှား ပေးဖို့ အမေရိကန် အာဏာပိုင် တွေကို တိုက်တွန်း ခဲ့ပါတယ်။

စီးပွားရေး ပိတ်ပင်မှု တွေ မရှိ တော့ရင် သွင်းကုန် ထွက်ကုန် ပိုင်း မှာ သာမက၊ ဘဏ် စနစ် ဖွံ့ ဖြိုး လာမှာမျိုး လို အကျိုး ကျေးဇူးတွေ ရှိနေပြီး ကုန်သွယ်ရေး ဒေသတွင်းနဲ့ အိမ်နီးချင်း နိုင်ငံတွေ အပေါ်မှာသာ အားထား နေရတဲ့ အခြေအနေ ကနေလည်း တိုးတက် လာလိမ့်မယ် ဆိုပြီး စီးပွားရေး အသိုင်းအဝိုင်းထဲ ပြောနေကြ တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခု အမေရိကန် ခရီးစဉ် မှာ ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေး ကို အဓိက အာရုံစိုက် တာကို တွေ့ရတယ် ဆိုပြီး ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်းက ဥက္ကဌ ဦးမြတ်သူ က သုံးသပ်ပါတယ်။

ဒါ့ကြောင့် ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေးမှာ လူ့အခွင့် အရေး ရှု့ထောင့် အရ ထောက်ကွက် ဖြစ်နေတဲ့ ရခိုင် ပြည်နယ် အရေးကို ကိုင်တွယ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဟောင်း ကိုဖီအာနာကို ဦးစီး စေခဲ့တာ လိုမျိုး ကြိုတင် ပြင်ဆင် တာတွေ အခု ခရီးစဉ် မတိုင်ခင် အထူး ပြုလုပ် ခဲ့တယ်လို့လည်း ဦးမြတ်သူက ဆိုပါတယ်။

သမ္မတ အိုဘားမားနဲ့ တွေ့ဆုံ ပြီး နောက်တစ်ရက် ကြာသပတေး နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ပိတ်ဆို့မှု တွေ ဖယ်ရှား ရေး ကို အမေရိကန် ဥပဒေပြု အာဏာပိုင် တွေ ဖြစ်တဲ့ ကွန်ဂရက်စ် လွှတ်တော်က ထိပ်တန်း ခေါင်းဆောင် တွေနဲ့ သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။

အဲဒီ့ နောက် Roosevelt High School လို့ ခေါ်တဲ့ အထက်တန်းကျောင်း ကို သွားပြီး အဲဒီ့က ကျောင်းသူ ကျောင်းသားတွေ နဲ့ အချိန်ယူ စကားတွေပြော ခဲ့တယ်လို့ သိရပါတယ်။

Roosevelt High School က အထွက်မှာတော့ အပြင်မှာ အစ်ကိုဝမ်းကွဲ ဖြစ်သူ ဒေါက်တာ စိန်ဝင်း နဲ့ မိသားစု အပါအဝင် တခြား အားပေး ထောက်ခံသူ တွေက အသင့် စောင့် နေကြတာ ကို နှုတ်ဆက် ခဲ့ပါတယ်။ ကြာသပတေး နေ့ ညပိုင်းမှာတော့ အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီ နဲ့ အမေရိကန် ကုန်သွယ်ရေး အဖွဲ့ က တည်ခင်းမယ့် ညစာ စားပွဲမှာ ဒေါ်အောင်ဆန်းစုကြည် စကား ပြောဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ