ရခိုင် အကြံပေး ကော်မရှင်ကို ပါတီ၁၁ခုက ကန့်ကွက်

  • 17 စက်တင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်ပြည်နယ်ကို ရောက်ရှိလာတဲ့ ကိုဖီ အာနန်ကို ကန့်ကွက် ဆန္ဒပြနေကြပုံ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဟာ တရားမဝင်ဘူး ဆိုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၁၁ပါတီက မနေ့က သီးသန့် တွေ့ဆုံ ခဲ့အပြီးမှာ စုပေါင်း ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွှတ်ခြင်း မရှိကြောင်းနဲ့ ဥပဒေရဲ့ လုပ်ပိုင်ခွင့်မှာ မပါတဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ထပ်ဆင့်ဖွဲ့စည်းခဲ့တဲ့ အမိန့်ဟာ မူလကတည်းက တရားမဝင်ကြောင်း အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ကို ကန့်ကွက်ခဲ့တဲ့ ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို သူတို့ ထောက်ခံတယ်လို့လည်း အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ကြေညာချက် လက်မှတ်ရေးထိုးခဲ့တဲ့ ပါတီတွေက ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ အမျိုးသား တိုးတက်ရေး ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဝ ဒီမိုကရက်တစ် ပါတီတို့ ဖြစ်ပါတယ်။

SNDP ကျားဖြူပါတီနဲ့ ဒီမိုကရက်တစ်ပါတီ မြန်မာ ကတော့ ဆွေးနွေးပွဲမှာ ပါခဲ့ပေမယ့် ကြေညာချက်ကို လက်မှတ် မထိုးခဲ့ဘူးလို့ သိရပါတယ်။