လောက်ကိုင်မှာ လောင်ချာနဲ့ပစ်

  • 18 စက်တင်ဘာ 2016
kokang ဓာတ်ပုံ မူပိုင် kakapyi
Image caption လောက်ကိုင်ကို ပစ်နိုင်တဲ့ လောင်ချာကျည်တွေ ချ

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လောင်ချာပစ်ခတ်မှုကြောင့် အိမ်တလုံး ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

မြို့ကို ချိန်ရွယ် ပစ်ခတ်နိုင်တဲ့ လောင်ချာ ကျည်ဆံတွေ မြို့အပေါ်စီးပြီး မြင်နိုင်တဲ့နေရာမှာ စီပြီး ချထားတာ တွေ့ရတယ် ဆိုပြီး မီဒီယာ သတင်းတွေ ထဲမှာ ဓာတ်ပုံတွေနဲ့ ဖော်ပြ ထားတာကိုလည်း တွေ့ရပါတယ်။

စက်တင်ဘာ ၁၅ ရက်ညက လောက်ကိုင်က ကိုးကန့် ဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန်ရဲ့ အိမ်ကို လက်နက်ကြီး ရော့ကက်လောင်ချာနဲ့ ပစ်ခတ်ခံရပါတယ်။

ဘယ်သူ၊ ဘယ်အဖွဲ့အစည်းဘက်က ပစ်ခတ်တယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး လို့ ဟိုပန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျင်ဝမ်းက ဆိုပါတယ်။

လောက်ကိုင် ရဲစခန်းကို ဆက်သွယ် မေးကြည့်ခဲ့ပေမယ့် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

လောလောဆယ် လောက်ကိုင်အနီးမှာ ကိုးကန့် လက်နက်ကိုင် တပ်တွေ လှုပ်ရှားတာ မရှိလှဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ကိုးကန့်တိုက်ပွဲ ဖြစ်တုန်းကတော့ ဦးပယ်စောက်ချိန်ရဲ့ အိမ် တိုက်ခိုက်ခံခဲ့ရလို့ အသေအပေျာက်တွေ ရှိခဲ့ပါတယ်။

မကြာခင် လပိုင်းကလည်း ကိုးကန့်ဒေသမှာ လမ်းဘေး မိုင်းထောင်ပြီး ကားတစင်း ကို တိုက်ခိုက်ခံရပေမယ့် ထိခိုက်မှု နည်းနည်းပဲ ရှိတယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ