စစ်တပ်ဘက်က သဘောထားမပြောင်းသေးလို့ သုံးသပ်

  • 18 စက်တင်ဘာ 2016
Burma Army
Image caption ရှစ်လေးလုံးအရေးအခင်းမှာ စစ်တပ်အာဏာသိမ်းခဲ့

စက်တင်ဘာလ ၁၈ ရက်နေ့ဟာ ၁၉၈၈ တုန်းက စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပြီး အခုလို ၂၈ နှစ်ကြာလာတဲ့အထိ စစ်တပ်ဘက်က သဘောထား ပြောင်းလာတာ မတွေ့ရသေးဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ငြိမ်းချမ်းရေးနဲ့တိုင်းရင်းသားရေးရာ တာဝန်ခံ ဦးမြအေးက သုံးသပ်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမှာ တပ်မတော်ဘက်က ပြောကြားမှုတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်သင့်တယ်ဆိုတာအပြင် တပ်မတော်ရဲ့ အခြေခံမူ ၆ ချက်ကိုလည်း ဆက်လက် စွဲကိုင်ထားတာတွေက တပ်မတော်ဘက်က သဘောထားမပြောင်းလဲသေးတာကို သိနိုင်တယ်လို့ ဦးမြအေးက ပြောပါတယ်။

နိုင်ငံရေးမှာ တပ်မတော် မပါဝင်ရင် နိုင်ငံပြိုကွဲသွားမယ်ဆိုတဲ့ အကြောင်းပြချက်မျိုး အရင် တပ်မတော် ခေါင်းဆောင်ပိုင်းက ပြောခဲ့သလို အခုချိန်ထိ တချို့စစ်တပ်ခေါင်းဆောင်တွေက အဲဒီလို ယုံကြည်နေတာကြောင့် တပ်ဘက်က နိုင်ငံရေးထဲကနေ မထွက်တာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

ဒီမိုကရေစီအသွင်ပြောင်းလာတဲ့ အခုလို ကာလမျိုးမှာ တချို့တပ်မတော်ခေါင်းဆောင်ပိုင်းက တိုးတက်တဲ့အမြင်တွေ ရှိလာနိုင်သလို စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ပြီး အားလုံးစုပေါင်းဆွေးနွေးအဖြေရှာသင့်ကြောင်း ဦးမြအေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ