ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသူ ဆိုင်ရာ ကုလ ထိပ်သီး ညီလာခံ ဒေါ်အောင်ဆန်းစုကြည် တက်မယ်

  • 18 စက်တင်ဘာ 2016
_dassk_un_refugees_migrants_summit_
Image caption နေ့လယ်ပိုင်း မျက်နှာစုံညီ အစည်းအဝေး တွေ ရှိတာ မှာ အဓိက စကားပြော ကြမယ့် သူတွေ ထဲ ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင်။

အမေရိကန် ပြည်ထောင်စု မှာ ရောက် ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ စက်တင်ဘာ ၁၉ ရက် မှာ ကျင်းပမယ့် ဒုက္ခသည် များနဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ များ ဆိုင်ရာ ထိပ်သီး ညီလာခံ ကို တက်ရောက် ဖို့ ရှိနေပါတယ်။

ဒီ ညီလာ ခံ ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ က ခေါ်ယူ ကျင်းပတာ ဖြစ်ပြီး၊ ဒုက္ခသည် များ နဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ တွေ အရေး ကိုင်တွယ် ဖြေရှင်း ရာမှာ နိုင်ငံတကာ အနေနဲ့ လူသား ဆန်တဲ့ နည်းနာ တွေနဲ့ ချည်းကပ်ခြင်း အားဖြင့် အတူတကွ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ ရည်ရွယ် ထားပါတယ်။

ညီလာခံ အဖွင့်မှာ စကားပြော ကြမယ့် သူတွေ ထဲ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း အပါအဝင် ဒုက္ခသည်ရေးရာ ကော်မရှင်နာ မင်းကြီး ဖလိပို ဂရန်ဒီ နဲ့ လူ့ အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇိတ် ရအာ့တ် အယ်လ် ဟူစိန် တို့လို့ ထိပ်တန်း ကုလသမဂ္ဂ အရာရှိတွေ ပါဝင် ပါတယ်။

နေ့လယ်ပိုင်း မျက်နှာစုံညီ အစည်းအဝေး တွေ ရှိတာ မှာ အဓိက စကားပြော ကြမယ့် သူတွေ ထဲ မြန်မာ အစိုးရ ကို လက်တွေ့ အရ ဦးဆောင်မှု ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင် တယ်လို့ နယူးယောက် မြို့က လာတဲ့ သတင်းတွေက ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကတော့ စက်တင်ဘာ ၂ဝ ရက် အင်္ဂါ နေ့က စလို့ ၂၆ ရက်နေ့ အထိ ကျင်းပ မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ