ရာဇဝတ်မှု ထူပြောတာ အရက်သေစာ ကြောင့်လို့ ရန်ကုန်တိုင်း ရဲက ပြော

  • 19 စက်တင်ဘာ 2016
myanmar_police ဓာတ်ပုံ မူပိုင် AP
Image caption ရဲ တပ်ဖွဲ့ဝင် အရေအတွက် နည်းပါး နေတယ် ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေ။

လူသတ်မှုလိုမျိုး ရာဇဝတ် ပြစ်မှုကြီး တွေ ရန်ကုန်၊ မန္တလေး အပါအဝင် အဓိက မြို့ကြီး တွေမှာ အခု ကာလ တွေ အတွင်း ဖြစ်ပေါ် နေတာ တွေ ထဲက အများစု ဟာ အရက်သေစာ သောက်စား မှုကြောင့် ဖြစ်တယ် လို့ ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့ က ပြောပါတယ်။

ဒါပေမယ့် မူးယစ် ဆေးဝါး ပြဿနာ ကြောင့် လူသတ်မှုလို ရာဇဝတ်မှု တွေ ဖြစ်ပေါ် နေရတယ် ဆိုတဲ့ ပြောဆို ဝေဖန်မှု တွေ အပေါ် မှာ တော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အဆင့်မြင့် အရာရှိ တစ်ယောက်ဖြစ်တဲ့ ရဲမှုး လှဝေက ငြင်းပယ် ခဲ့ပါတယ်။

ကျုးလွန်သူ လို့ သံသယ ရှိရသူ တွေ ကို ဆေးစစ် တာမျိုး မလုပ် နိုင်သေးခင် မူးယစ် ဆေးဝါးကြောင့် ဆိုပြီး အတိတကျ ပြောဖို့ ခက်တယ် လို့ ရဲမှုး လှဝေက ဘီဘီစီ ကို ပြောပါတယ်။

ရာဇဝတ်မှုတွေ လျော့နည်း ကျဆင်းဖို့ အတွက် ရဲတပ်ဖွဲ့ ဘက်က စီမံချက်ချ လုပ်ဆောင်နေပြီး၊ မင်္ဂလာဒုံက ၄ လောင်းပြိုင် လူသတ်မှု မျိုးလို တရားခံ မပေါ်သေးတဲ့ အမှုတွေကိုလည်း စုံစမ်း စစ်ဆေးလျက် ရှိတယ်လို့ ရဲမှုး လှဝေက ဆိုပါတယ်။

ရာဇဝတ်မှု တွေ ထူပြော နေတာ ဟာ စိုးရိမ် စရာ ကောင်းလောက်တဲ့ အခြေအနေ မှာ ရှိနေတယ် ဆိုပြီး ပြည်သူ့ လွှတ်တော် အမတ် တစ်ဦး ဖြစ်တဲ့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

ရဲ တပ်ဖွဲ့ဝင် အရေအတွက် နည်းပါး နေတဲ့ အချက် အပါအဝင်၊ လူ တွေ စားဝတ် နေရေး ခက်ခဲ နေရတာ တွေ နဲ့ မူးယစ် ဆေးဝါး ပြဿနာ တွေ က လည်း ရာဇဝတ်မှု ထူပြော နေစေတာ ဖြစ်တယ် ဆိုပြီး လူ အများကြား သုံးသပ် ဝေဖန် နေကြတယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ